38 C
Yangon

မုံရွာ-အမြင့်လမ်းရှိ ဘုဘရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ၊ ကျေးရွာ ၁၂ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

Must read

မုံရွာ-အမြင့်လမ်းရှိ ဘုဘရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ၊ ကျေးရွာ ၁၂ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း၊ မုံရွာ-အမြင့်လမ်းရှိ ဘုဘရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မုံရွာ-အမြင့်လမ်းရှိ ဘုဘရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အင်အား ၇၀ ကျော်ပါ စစ်ကြောင်းသည် ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၄ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း​ကြောင့် ကျေးရွာ ၅ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တောပုရွာမှ ပျူစောထီးများနှင့် ပူးပေါင်းကာ အင်အား ၁၀၀ နီးပါးဖြင့် မုံရွာ-အမြင့်လမ်းရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းသောကြောင့် ရွာပေါင်း ၁၂ ရွာ​ကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း မုံရွာ-အမြင့်လမ်းသပိတ် ဦးဆောင်ကော်မတီ ထံမှ သိရသည်။

” မုံရွာ-အမြင့်လမ်းက ဘုဘ ရွာကို စစ်ခွေးတွေ မီးရှို့ဖျက်ဆီးနေတယ်။ နံနက် ၉ နာရီလောက်ကနေ စရှို့နေတာ အခုထိပဲ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် မုံရွာ-အမြင့်လမ်း ကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူများကို စစ်ရှောင်စခန်း ၁၃ နေရာကျော်ဖြင့် ကူညီစောင့်ရှောက်ထားပြီး စစ်ရှောင်ဦးရေ များပြားနေမှုကြောင့် ဆန်၊ ဆီများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article