32 C
Yangon

မြင်းမူ အ.ထ.က ၁ ကျောင်းတွင် တပ်စွဲရန် စစ်ကား ၂ စီးဖြင့် ရောက်လာသည့် စစ်ကြောင်းကို ဗုံးပစ် တိုက်ခိုက်မှု စစ်သားများဒဏ်ရာရ

Must read

မြင်းမူ အ.ထ.က ၁ ကျောင်းတွင် တပ်စွဲရန် စစ်ကား ၂ စီးဖြင့် ရောက်လာသည့် စစ်ကြောင်းကို ဗုံးပစ် တိုက်ခိုက်မှု စစ်သားများဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း မြင်းမူမြို့ရှိ မြင်းမူ အ.ထ.က ၁ ကျောင်းတွင် တပ်စွဲရန် စစ်ကား ၂ စီးဖြင့် ရောက်လာသည့် စစ်ကြောင်းကို ဗုံးပစ် တိုက်ခိုက်ရာ စစ်သားများဒဏ်ရာရရှိကြောင်း True Fighter မြင်းမူမြို့ပြပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်စွန်ရဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသညသ်။

နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန် အထက ၁ မြင်းမူကျောင်းသို့ ရောက်ရှိလာသော စစ်တပ်ကို မြို့ပြပြောက်ကျားအဖွဲ့များက ဗုံးပစ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ဦးပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ အကြမ်းဖက်စစ်ကောင်စီက စစ်ကား ကားကြီး ၂ စီး ရောက်ရှိလာတယ်လို့ သတင်းပေးပို့မှုအရ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက သွားရောက်ချဉ်းကပ်ခဲ့ပြီး မနေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်မှာ အသစ်ရောက်ရှိလာတဲ့ စစ်ခွေး ၃၀ ခန့် အရပ်ဝတ် Gun ကိုယ်စီနဲ့ တန်းစီနေတဲ့အချိန် ကျွန်တော်တို့ လျက်ဆားပုလင်းပစ်ခတ်ပြီးတော့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်။ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး အနီးအနားက တပ်သားများစွာလည်း ဒဏ်ရာများစွာ ရရှိတယ်” ဟု True Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်စွန်ရဲက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို True Fighter မြင်းမူမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် Zero ပြည်သူ့ကာကွယ်ရေးမြင်းခြံမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article