32 C
Yangon

ကောလင်းမြို့၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီ မြို့ အပါအဝင် မြို့ ၅ ခုကို တော်လှန်ရေးတပ်ဖွဲ့များက ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားပြီး နိုင်ငံတစ်ဝန်း စစ်တပ်စခန်းများကိုလည်း တစ်ခုပြီး တစ်ခု ဆက်တိုက်သိမ်းနေ

Must read

ကောလင်းမြို့၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီ မြို့ အပါအဝင် မြို့ ၅ ခုကို တော်လှန်ရေးတပ်ဖွဲ့များက ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားပြီး နိုင်ငံတစ်ဝန်း စစ်တပ်စခန်းများကိုလည်း တစ်ခုပြီး တစ်ခု ဆက်တိုက်သိမ်းနေ

ရန်ကုန်၊ နိုဝင်ဘာ ၆

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိရာ တစ်နေ့ထက် တစ်နေ့ နိုင်ငံတစ်ဝန်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ပိုမိုများပြားလာကြောင်း သိရှိရသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီမြို့တို့ကို သိမ်းပိုက်ထားပြီဖြစ်ကြောင်း ထုတ်ပြန်ထားရာ ယနေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ကောလင်းမြို့ကိုပါ သိမ်းပိုက်လိုက်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ် သိမ်းပိုက်ထားနိုင်သော မြို့ ၅ ခုရှိလာပြီဖြစ်သည်။ လက်ရှိတွင် ရှမ်းပြည်နယ်၊ နမ့်ခမ်း၊ မန်တုံအပါအဝင် မြို့များ၏ အချက်အချာကျသော တပ်စခန်းများနှင့် ရဲစခန်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး မကြာမီ သိမ်းပိုက်ရရှိသည့် မြို့အရေအတွက် တိုးတက်များပြားလာနိုင်ခြေရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း စခန်းသိမ်းတိုက်ပွဲများစွာ ရှိခဲ့ကြောင်း သိရှိရသည်။

ယနေ့နိုဝင်ဘာလ ၆ ရက် နံနက် ၉ နာရီ ၄၃ မိနစ်တွင် ကိုးကန့် တုန်းရှမ်းဒေသ ၊ ရှင်ရွှေထန်တွင်ရှိသော စစ်ကောင်စီ၏တပ်စခန်းကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်MNDAA မှ ထိုးစစ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၀ မိနစ် ကြာ စခန်းသိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၆ ရက် နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် ကိုးကန့်ရှင်းဝမ်ဒေသ ၊ ရှင်ဟွာ ကျေး ရွာအုပ်စု ၊ တုံရပ်ထန် ပေါက်ပေါက်တောင်ကုန်း နှင့် ကျင်ဖန်ဟော် နေရာ၌ရှိ စစ်ကောင်စီစခန်းများကို MNDAA မှ ထိုးစစ်တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီခန့်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပြီး စစ်ပစ္စည်း အချို့ လည်း သိမ်းဆည်းရရှိခဲ့ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့ တွင် သံလွင်မြစ် အရှေ့ဘက်ခြမ်း ကွမ်းလုံဒေသကို MNDAA မှ သိမ်းယူနိုင်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကွမ်းလုံအနောက်ဘက်ရှိ စစ်ကောင်စီစခန်းကို စတင်ထိုးစစ် တိုက် ခိုက်ခဲ့ရာ လက်ရှိ အချိန်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

ယနေ့နိုဝင်ဘာ နံနက် ၆ နာရီ ၄၁ မိနစ်တွင် မူပန် (သိန္နီ)ဒေသရှိ စစ်ကောင်စီ၏ တပ်ရင်း ၂၉၁ စခန်းကို MNDAA မှ ဒရုန်းဖြင့် တစ်ကြိမ် သွားရောက် ဗုံးချဲတိုက်ခိုက်ခဲ့ပြီး ယခုအချိန်အထိ စစ်ကောင်စီတပ်စခန်း ကြီး/ငယ်ပေါင်း ၁၁၂ ခုကို သိမ်းယူရရှိထားကြောင်း The Kokang က သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင် ကိုးကန့် ခရိုင်၊ တုန်းရှမ်းဒေသ၊ တာကန်ထန်တပ်စခန်း ကို မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်MNDAAမှ တိုက်ခိုက် သိမ်းယူခဲ့ကြောင်း၊ တာရွှေထန် အခြေချနေ ထိုင် သော ကိုးကန့်ရုပ်သေးအဖွဲ့များလည်း တိုက်ပွဲဝင်ချင်သောစိတ်ဓာတ်များကျဆင်းပြီး လက်နက်များ စွန့်လွှတ်ပစ်ချကာ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။

နိုဝင်ဘာလ ၄ ရက် နံနက် ၉ နာရီခန့်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ၊ တာကန်ထန်တပ်စခန်းကို ခြေလျင်အဖွဲ့နှင့် လေကြောင်းအဖွဲ့ပူးတွဲပြီး ထိုးစစ်တိုက်ခိုက်ခဲ့ရာ ည ၇ နာရီ ၅၈ မိနစ်အထိ တိုက်ပွဲဖြစ် ပွားခဲ့ပြီး နိုဝင်ဘာလ ၅ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် နည်းဗျူဟာ အသစ်ပြောင်းလဲချမှတ် ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ၎င်းတပ်စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာလ ၅ ရက်နေ့က ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ တာရွှေထန်နေရာတွင်အခြေချနေထိုင်သော ကိုးကန့်ရုပ်သေးအဖွဲ့ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့နှင့် ပြည်သူ့စစ်များသည် ဆက်လက် တိုက်ခိုက် ခြင်းမရှိတော့ပဲ လက်နက်များစွန့်လွှတ် ပစ်ချခဲ့ကာ စခန်းမှ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်တွင် ကိုးကန့်ခရိုင်၊ မန်တုံပကျေးရွာအုပ်စု ၊ ကျောက် ထန်ပရွာကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက်ပြီး အကြီးစား ဗုံး ၂ လုံး ကျဲချ ခဲ့ရာ နေအိမ် ၃ လုံးပျက်စီးခဲ့ပြီး အသက် ၃ နှစ်အရွယ်မိန်းကလေးတစ်ဦး၊ အသက် ၆၈ နှစ်အရွယ် အမျိုး သမီးတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိပြီး အသက် ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦး သာမန်ဒဏ် ရာရရှိခဲ့ ကြောင်း၊ အဆိုပါ ဒဏ်ရာရရှိသူများကို MNDAA အဖွဲ့မှ အချိန်မီ ကုသပေးခဲ့ကာ နောက်တန်းဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၄ ရက် ည ၉ နာရီ မိနစ် ၃၀ အချိန်မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ လားရှိုးမြို့နယ်ရှိ စစ် ကောင်စီ၏ တပ်ရင်း ၅၀၇ နှင့် သိန္နီခရိုင် ၊ နန်ဖိုင်းနေရာရှိ တပ်ရင်း၂၉၁ စခန်းတို့ကို MNDAA မှ တစ်နေ ကုန် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် မူပန်(သိန္နီ)ဒေသ စကခ ၁၆ စခန်းမှ ထွက်လာ သော စစ်ကူများကို ၎င်းတို့စခန်းနှင့် မီတာ ၂၀၀ အကွာအရေက် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မူပန်(သိန္နီ)ဒေသ ရေပူဂိတ်နေရာရှိသော စစ်ကောင်စီတပ်ဖွဲ့ကိုလည်း နှစ်ကြိမ်ကြားဖြတ် တားမြစ် တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ ညနေ ၃ နာရီခန့် မူပန်(သိန္နီ)ဒေသ ၊ ဟိုပင်ကျေးရွာအုပ်စု ၁၄ မိုင် မှ ၁၅ မိုင် ကြား တွင် စစ်ကောင်စီ၏ အရပ်သားယာဉ်အဖြစ် ဟန်ဆောင် ထားသော ပို့ဆောင်ယာဉ်တန်း ၅ စီးကို MNDAA မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဉ်တစ်စီး ပျက်စီးခဲ့ပြီး ကျန်ပို့ဆောင်ယာဉ်များ ပြန် ဆုတ်သွား ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ ည ၉ နာရီမှ ၁၀ နာရီအချိန်အထိ သန္နီခရိုင်၊ နန်ဖိုင်းနေရာရှိ စစ်ကောင်စီ၏ တပ်ရင်း ၂၁၉ စခန်းကို MNDAA မှ ဒရုန်းဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ထို့အပြင် နိုဝင် ဘာလ ၅ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် မုံးကိုးဒေသ ၊ ရှောက်ချင်ရှူနေရာရှိ စစ်ကောင်စီ တပ် စခန်းကို MNDAAနှင့် ဒေသလုံခြုံရေးအဖွဲ့တို့မှ ထိုးစစ်တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့က စစ်ကောင်စီ၏ ဗျူဟာကုန်းများအနက် ပန်လုံဗျူဟာကုန်း(အဓိကပင်မကုန်း) ၏ အောက်ဘက်ရှိ “ကာကင်း” ဗျူဟာစခန်း ၂ ခုကိုကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၅ ရက်နေ့တွင် အပြီးသတ်ချေမှုန်းနိုင်ခဲ့ ကြောင်း၊ ထို့အပြင် စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းထိုင် ထားသော “ပန်လုံဗျူဟာကုန်း” ကို နိုဝင်ဘာလ ၅ ရက် နံနက် ၅ နာရီ အချိန်ခန့်မှစ၍ စတင် ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီ အချိန်ခန့်တွင် အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ “ကာကင်း” ဗျူဟာစခန်း (၂) ခုနှင့် ၎င်း၏ ပင်မ “ပန်လုံ” ဗျူဟာစခန်းတို့အား ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များမှ အဓိက ဦးဆောင်ထိုးစစ်ဆင်ခဲ့ပြီး စစ်ရေးအရ ခက်ခက်ခဲခဲတိုက်ပွဲဝင်ခဲ့ရသည့် စခန်း သိမ်း တိုက်ပွဲတစ်ခုဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်တို့ ဖြင့် အကြိမ်ပေါင်းများစွာ ခုခံကာကွယ်တိုက်ခိုက်နေသည့်ကြားမှ ဗျူဟာမြောက်ထိုးစစ်ကာ ပေး ဆပ်မှုများစွာဖြင့် “ပန်လုံဗျူဟာကုန်း”ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၄ ရက် နံနက် ၉ နာရီ အချိန်ခန့်မှစ၍ စစ်ကောင်စီ၏ စစ်ရေးဗျူဟာကျသော “တာဂန်ထန်” တပ်စခန်းကို ကိုးကန့်တပ်မတော် (MNDAA) နှင့် မဟာမိတ်တပ်ဖွဲ့များ မှ စတင်ထိုးစစ်ဆင် တိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် ကာကွယ်ပေးခဲ့သော်လည်း နိုဝင် ဘာလ ၅ ရက် ညနေ ၃ နာရီ အချိန်ခန့်တွင် ၎င်းစခန်းအား အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း သိရ သည်။

ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက် ၆ နာရီ အချိန်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ ၁ စစ်ဒေသ၊ နမ့်ခမ်း မြို့ရှိ “နမ့်ခမ်းရဲစခန်း” အား တအာင်းတပ်မတော် (TNLA) မှ အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့ ကြောင်း၊ ထို့အပြင် ယနေ့ နံနက် ၈ နာရီ မိနစ် ၄၀ ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ ၂ စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားအနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် (TNLA) နှင့် MDY PDF ပူးပေါင်း တပ်ဖွဲ့တို့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နံနက် ၉ နာရီခန့်တွင် လည်း နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အနီးရှိ စစ်ကောင်စီတပ်စခန်းကို TNLA ၊ MDY PDF ပူး ပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပတ်ဝန်းကျင်နှင့် မြို့တွင်းရှိ စစ် ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များပါဝင်သည့် ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုမှ တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကောလင်းမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့က မုံးကိုးခရိုင်၊ ရှောက်ကွမ်းလုံးဒေသရှိ ရန်သူစစ်ကောင်စီ၏ အမှတ် ၃ တပ် စခန်းနှင့် မုံးကိုးဗျူဟာကုန်းအနောက်ဘက် တောင်ကုန်းရှိ အမှတ် ၄ တပ်စခန်းတို့ကို ကိုးကန့် တပ်မ တော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်နေစဉ် အကြမ်းဖက်စစ် ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် မုံးကိုးခရိုင်၊ မုံးကြည်ဒေသ၊ နန်တုန်ကျေးရွာအုပ်စု၊ ရှင်းကျိုင့်ကျေးရွာမှ အရပ်သားကလေးငယ် ၃ ဦးနှင့် လူကြီး ၂ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာလ ၄ ရက် နံနက် ၆ နာရီ ၂၅ မိနစ် အချိန်ခန့်က ကိုးကန့်တပ်မ‌တော် (MNDAA) နှင့် ဒေသလုံခြုံရေးအဖွဲ့တို့မှ ဟိုပန်အုပ်စု၊ မုံးတင်တိတောင်ကုန်းရှိ ရန်သူစစ်ကောင်စီ၏ တပ်စခန်းအား ဒရုန်းစစ်ဆင်ရေး ပြုလုပ်ခဲ့ပြီးနောက် ညနေ ၆ နာရီ မိနစ် ၃၀ နှင့် ၇ နာရီကြားတွင် စစ်ကောင်စီတပ်မှ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ သိန္နီ၊ မုံးယောင်ဒေသ၊ ဟွေလော့ ကျေးရွာမှ အရပ်သား ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်တွင် မုံးကိုးဒေသအနီးရှိ “မုံးကိုးနမ့်ဟာစစ်ရှောင်စခန်း”ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်ရှောင်စခန်းရှိ နေအိမ် မီးလောင် ပျက်စီးခဲ့ရကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး Operation ကြီး စတင်ဆောင်ရွက်လာချိန်မှစ၍ အထူးဒေသ ၁ မုံးကိုးခရိုင် မုံးကိုး ဒေသ ဖောင်းဆိုင်ကျေးရွာအုပ်စု ဖောင်းဆိုင်ရွာ ၊ ရှိကျိကျတောင်တန်း နှင့် မန်ယန် ပေါက်ပေါက်တောင် တန်း စသည့်နေရာများရှိ စစ်ကောင်စီတပ်စခန်းများအပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ရာချီ သိမ်း ပိုက်ထားကာ ကိုးကန့်(MNDAA)မှ ဒေသအုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် စတင်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article