32 C
Yangon

မြို့သိမ်း၊ ပြည်သိမ်းတိုက်ပွဲများ တစ်လှိုင်းပြီး တစ်လှိုင်း ချီတက်မည်ဟု NUG ယာယီသမ္မတ ပြော

Must read

မြို့သိမ်း၊ ပြည်သိမ်းတိုက်ပွဲများ တစ်လှိုင်းပြီး တစ်လှိုင်း ချီတက်မည်ဟု NUG ယာယီသမ္မတ ပြော

ရန်ကုန်၊ နိုဝင်ဘာ ၇

မြို့သိမ်း၊ ပြည်သိမ်းတိုက်ပွဲများအထိ တစ်လှိုင်းပြီး တစ်လှိုင်းချီတက်ကြမည်ဖြစ်ပြီး စစ်တပ်နိုင်ငံရေးမှ ထွက်ခွာရေး၊ အာဏာရှင်စခန်း ဖျက်သိမ်းရေးနှင့် ကိုယ်ကံကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို မင်းအောင်လှိုင်နဲ့ စစ်အုပ်စုအပေါင်းပါများက လက်ခံမှသာ ယနေ့ ဖြစ် ပေါ်နေသော ပဋိပက္ခများ အမြန်ရပ်တန့်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဒူဝါလရှီးလပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၄ / ၂၀၂၃ အစိုးရ အဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေးသည် အောင်မြင်မှု အ ကြီးအကျယ် ရရှိနေပြီး အရှိန်အဟုန်ဖြင့် ဆက်လက် ချီတက်နေကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် မရှေးမနှောင်းကာလကလည်း ကချင်ပြည်နယ်၊ အောင်ဂျာစခန်း အောင်ပွဲကို ကေအိုင်အေနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ပွဲဆင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း ၁၀၂၇ စစ်ဆင် ရေးတွင်လည်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရာနှုန်းပြည့် ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ဆင်နွှဲ နေကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုဟာ ပြည်တွင်း / ပြည်ပက လူထုတစ်ရပ်လုံးကို မျှော်လင့်ချက် ရောင်ခြည် အမြင့်မားဆုံးထိ ထွန်းလင်းနိုင်ခဲ့တာကို ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်။ ကျနော်တို့ ဟာ ပူးပေါင်းစစ်ဆင်ရေးတွေရဲ့ အကျိုးကျေးဇူးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီ ဖြစ်သလို၊ နွေဦး တော်လှန်ရေးမှာ အမြင့်မားဆုံးသော စစ်ရေးမှတ်ကျောက်ကို ရေးထွင်းနိုင်တဲ့အချိန်ကို ရောက်လာပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ခုခံတော်လှန်စစ်မှသည် မြို့သိမ်း ပြည်သိမ်းတိုက်ပွဲတွေအထိ တစ် လှိုင်းပြီး တစ်လှိုင်း ဆက်လက် ချီတက်နိုင်ကြမယ်လို့ ကျွန်တော့်အနေနဲ့ အထူးမျှော်လင့်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။

NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ၏ ဦးဆောင်ကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း အထက် ပိုင်း ကောလင်း မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ပြီး ပြည်သူလူထု၏ အားပေး ထောက်ခံမှု သည်လည်း ရရှိခဲ့ရာ ကောလင်းမြို့သိမ်း တိုက် ပွဲကဲ့သို့ တော်လှန်ထိုးစစ်ကို အရှိန်အဟုန်ဖြင့် ထပ်မံ ချီတက်နေသည်မှာ ကလေးမြို့နှင့် တမူးမြို့တို့ ဖြစ်ကြောင်း သိရသည်။

“စစ်ရေးထိုးစစ်တွေနဲ့ မြို့သိမ်း စစ်ဆင်ရေးတွေဟာ ဒိုမီနိုသဘောတရားလို ဆင့်ကာဆင့်ကာနဲ့ ထပ်တိုး လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီအောင်ပွဲတွေကို ကျွန်တော်တို့ ဝမ်းမြောက်စွာ ကြိုဆို သ လို လေးနက်စွာ အားစိုက် ထပ်တိုး လုပ်ဆောင်ကြရမယ်လို့ အထူး ပြောကြားချင်ပါတယ်။ နွေဦးတော် လှန် ရေးကာလအတွင်းမှာ အကြီးကျယ်ဆုံးသော မြို့သိမ်းစစ်ဆင်ရေးတွေကို အချိန်အခါ မဆိုင်းဘဲ ထိုး စစ်ဆင် တိုက်ခိုက်နိုင်တာဟာ မဟာမိတ်အင်အားစုတွေရဲ့ ဦးဆောင်မှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ညီ ညွတ်သော ပူးပေါင်းပါဝင်မှုတွေကြောင့် ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် သိုသိပ်စွာ ကြိုတင် ပြင် ဆင်နိုင်စွမ်းရှိတဲ့ စစ်ရေးစွမ်းရည်ကို စနစ်တကျ တည်ဆောက်ထားနိုင်လို့ဆိုတာကို မမေ့မလျော့ သတိ ချပ်စေချင်ပါတယ်။” ဟု နိုင်ငံတော် သမ္မတဒူဝါလရှီးက တိုက်တွန်းပြောဆိုသည်။

ထို့အပြင် ညီညွတ်ရေး စွမ်းအားကို မြှင့်နိုင်သမျှ မြှင့်တင်ထားကြရန် အထူးလိုအပ်ကြောင်း၊ ၁၀၂၇ စစ် ဆင်ရေးနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့သိမ်း စစ်ဆင်ရေးများသည် နွေဦးတော်လှန်ရေး၏ စစ်ရေး ထိုးစစ်ကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ဦးမော့စေခဲ့ပြီ ဖြစ်ကြောင်း၊ စစ်ကောင်စီသည် တိုင်းရင်းသား တော် လှန်ရေးဌာနချုပ်များကို ဗဟိုပြုကာ တိုက်ခိုက်နေသည် အထူး သတိပြုကြဖို့ လိုကြောင်း၊ အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့ အထိနာလေလေ၊ ဗဟိုဌာနချုပ်များကို ပစ်မှတ်ထားကာ အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှု လုပ်ဆောင်နေသည်သည်ကို တွေ့ရှိရကြောင်း၊ စစ်ရေးတွင် မည့်သည့်အရာမျှ အသေးအဖွဲ ဟူ၍ မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျနော်တို့ဟာ တိုင်းရင်းသား မဟာမိတ်တော်လှန်ရေးအဖွဲ့တွေရဲ့ ဗဟိုဌာနချုပ်တွေကို စစ်ကောင်စီရဲ့ ထိုးစစ်ရောက်မလာအောင် နည်းပေါင်းစုံနဲ့ ကာကွယ်လုပ်ဆောင်ကြဖို့ လိုပါတယ်။ တိုင်းရင်းသား တော် လှန်ရေး အဖွဲ့ကြီးတွေရဲ့ အင်အားဟာ နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးရဲ့ အင်အားနဲ့ ထပ်တူဖြစ် ကြောင်း ကျနော်တို့ နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ ညီညွတ်မှုနဲ့ ခွန်စိုက် အား စိုက်မှုကို မြူမှုန်မျှလောက်တောင် မလျော့ပါးစေဖို့ တိုက်တွန်းချင်ပါတယ်။”ဟု နိုင်ငံတော်သမ္မတဒူဝါလ ရှီးလ က ပြောကြားသည်။

ကချင်ပြည်နယ်၊ KIA /KIO ဌာနချုပ် လိုင်ဇာကို ဦးတည်ကာ အကြမ်းဖက်စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ကျည်အချို့သည် တရုတ်ပြည်ဘက်၌ ကျ ရောက်ပေါ်ကွဲပြီး တရုတ်နိုင်ငံသားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ထိုး စစ်ရပ်တန့်ခြင်းမရှိသ၍ တရုတ်နိုင်ငံ၏ နယ်စပ်လုံခြုံရေးသည်လည်း အားလျှော့စေမည်ဖြစ်ပြီး NUG အစိုးရအနေနှင့် တရုတ်အစိုးရတို့ကြား သံခင်းတမန်ခင်း ဆက်ဆံပြောဆိုမှုများတွင် တရုတ် -မြန်မာ နယ်စပ်လုံခြုံရေး ကိစ္စကို အထူးအလေးထား ဆွေးနွေးပြောကြားရန် လိုအပ်ကြောင်း ၊ မြန်မာနိုင်ငံ တဝန်းလုံး တည်ငြိမ် အေးချမ်းရန် နှင့် တရုတ် – မြန်မာနယ်စပ် စစ်ပွဲများ ရပ်တန်နိုင်ရန် အဓိက တာ ဝန်ရှိသူမှာ စစ်ကောင်စီဖြစ်ကြောင်း ၎င်းက ဆက်လက် ထောက်ပြပြောကြားသည်။

“တိုင်းရင်းသားပြည်သူတရပ်လုံး တောင်းဆိုနေသည့် စစ်တပ်နိုင်ငံရေးမှ ထွက်ရေး/ အာဏာရှင်စနစ် ဖျက်သိမ်းရေး နှင့် ကိုယ်ကံကြမ္မာကိုယ်ဖန်တီးခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူ ထောင်ဖို့ အာဏာသိမ်း မင်းအောင်လှိုင်နှင့် စစ်အုပ်စုအပေါင်းအပါများက လက်ခံလျှင် ယနေ့ဖြစ်ပေါ်နေ တဲ့ ပဌိပက္ခများ အမြန်ရပ်တန့်သွားနိုင်မှာ ဖြစ်တယ်။”ဟု နိုင်ငံတော်သမ္မတဒူဝါလရှီးလက ပြောဆို သည်။

ယခုလက်ရှိအခြေအနေသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ဦးတည်စေသည့် စစ်ဆင်ရေးလှိုင်း လုံးများ အရှိန် မကျစေရေး လုပ်ဆောင်နေကြရကြောင်း၊ အစိုးရအဖွဲ့ဝင် အားလုံး ကိုယ်စွမ်း ဉာဏ်စွမ်း ကို အစွမ်းကုန် စိုက်ထုတ်ကြရန် တိုက်တွန်းလိုကြောင်း၊ ခုခံတော်လှန်စစ် အရှိန်ကောင်းကောင်းနှင့် ချီ တက်နေချိန်တွင် ခလုတ်တိုက်မှောက်လျက်လဲတာမျိုး မဖြစ်စေ သတိချပ်ရမည်ဖြစ်ကြောင်း၊ မဟာမိတ် စစ်ရေးအင်အားစု အားလုံးနှင့် မပျက်မယွင်းသော ဆက်ဆံရေးကို အလေးအနက်ထားကာ ခိုင်မာသော ယုံကြည်မှု တည်ဆောက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီးက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article