29.6 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် နိုင်ငံတစ်ဝန်း မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေကြောင့် သွေးရူးသွေးတန်းဖြစ်နေရတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က ယာယီသမ္မတ အမည်ခံ မြင့်ဆွေ အပါအဝင် စစ်ဘက်ဆိုင်ရာ အရာရှိတွေ နဲ့ကာလုံပုံစံ အစည်းအဝေး ခေါ်ပြီး စိတ်ကူးယာဉ် ဆုံးဖြတ်ချက်တွေ ချမှတ်နေပြန်တယ်လို့ သိရပါတယ်။

– နိုင်ငံတစ်ဝန်းက ရှေ့တန်း စစ်မျက်နှာတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ အသေများနေတဲ့ အတွက် တပ်ရင်းတပ်ဖွဲ့တွေ အားလုံးမှာ မဟာသမယသုတ်နဲ့ ပရိတ်ကြီး ၁၁ သုတ်ကို ယတြာချေပြီး ရွတ်ဖတ်ခိုင်းတဲ့ အမိန့် ညွှန်ကြားချက်ကို စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

– ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကနေ ထွက်ခွာသွားတဲ့ စစ်ဘေးရှောင် ပြည်သူ ၁၀၀၀ ကျော်နဲ့ ကားတွေဟာ လမ်းခုလတ်မှာ ပိတ်မိနေပြီး လောက်ကိုင်မြို့လည်း ပြန်ဝင်မရ၊ ခရီးလည်း ဆက်သွားမရ ဖြစ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article