30 C
Yangon

ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင်က သူရဲ့ ညံ့ဖျင်းတဲ့ခေါင်းဆောင်မှုတွေကို ဖုံးကွယ်ရင်း မြို့နှင့်စခန်းများ ဆုံးရှုံးမှု၊ စစ်သားများ ရာချီ သေဆုံးမှုများ အပါအဝင် အချက်အလက်များ လိမ်လည်ပြော

Must read

ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင်က သူရဲ့ ညံ့ဖျင်းတဲ့ခေါင်းဆောင်မှုတွေကို ဖုံးကွယ်ရင်း မြို့နှင့်စခန်းများ ဆုံးရှုံးမှု၊ စစ်သားများ ရာချီ သေဆုံးမှုများ အပါအဝင် အချက်အလက်များ လိမ်လည်ပြော

■ “သူခိုး သေဖော်ညှိ” အစည်းအဝေးသို့ စစ်ကောင်စီအဖွဲ့ဝင်အားလုံး မျက်နှာမသာမယာ၊ ပူပန်မှုများဖြင့် တက်ရောက်ခဲ့ကြ

ရန်ကုန်၊ နိုဝင်ဘာ ၉

အကြမ်းဖက်မင်းအောင်လှိုင်က နိုဝင်ဘာလ ၈ ရက်နေ့မှာ ကာ/လုံအစည်းအဝေး တစ်ရပ်ခေါ်ယူခဲ့ပြီး သူရဲ့ ညံ့ဖျင်းတဲ့ ခေါင်း ဆောင်မှုတွေကို ဖုံးကွယ်ရင်း လက်ရှိကြုံနေရတဲ့ စစ်ရေးအရ ရှုံးနိမ့်မှုတွေအပေါ် အခြားသူတွေကို အပြစ်ပုံချ ပြစ်တင်ဝေဖန်မှုတွေ ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် မြို့တွေ၊ နယ်မြေတွေ ဆုံးရှုံးလာရတာ၊ စစ်သားတွေ သေဆုံးမှု များပြားနေတာ၊ စစ်သား ရာချီ သေဆုံးခဲ့တာ စတဲ့ အချက်အလက်မှန်တွေကို အစည်းအဝေးမှာ အမှန်တိုင်း တင်ပြခြင်း မရှိဘဲ စစ်တပ်က နယ်မြေတွေကို ပြန်လည် ထိန်းချုပ်နိုင်ပြီဆိုတာမျိုးကို ကာလုံ အစည်းအဝေးမှာ ပြောဆိုသွားပါတယ်။

လက်ရှိ ၁၀၂၇ စစ်ဆင်ရေးဟာ ကိုးကန့်မျိုးနွယ်စု နှစ်ခုအကြား ရန်ပွဲရဲ့ နောက်ဆက်တွဲဖြစ်ပြီး မူးယစ်ဆေးဝါးက ရရှိတဲ့ဝင်ငွေ အကျိုးအမြတ်ကို ခံစားလိုမှု ၊ ဆုံးရှုံးသွားတဲ့ အာဏာ ပြန်လည်ရရှိဖို့ လုပ်ဆောင်တဲ့ စစ်ပွဲအဖြစ် မင်းအောင်လှိုင်က ပုံဖော်ခဲ့ပါတယ်။ ဒါ့အပြင် MNDAA ကိုးကန့်တွေက “၀” နယ်မြေထဲကနေ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီး နမ့်တစ်တံတားကနေ ချင်းရွှေဟော်ကို ဖြတ်ဝင်၍ တိုက်ခိုက်ခဲ့တယ်လို့ မင်းအောင်လှိုင်က အခြားသူတွေအပေါ် အပြစ်ပုံချပါတယ်။

လက်ရှိအခြေအနေမှာ စစ်တပ်အနေနဲ့ အခြေအနေတွေကို ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ မင်းအောင်လှိုင်က လိမ်လည်ပြီး စစ်သားတွေ ရာချီ သေဆုံးခဲ့တာကို မပြောဘဲ MNDAA ကိုးကန့်အဖွဲ့တွေ ထိခိုက် ကျဆုံးမှုများစွာ ဖြစ်ပေါ်လျက်ရှိတယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင်က လိမ်လည် ပြောဆိုခဲ့ပြန်ပါတယ်။

မင်းအောင်လှိုင်အနေနဲ့ လက်ရှိမှာ ခေါင်းဆောင်မှု ညံ့ဖျင်းသူအဖြစ် စစ်တပ်အတွင်း အကြီးအကျယ် ဝေဖန်ခံနေရတဲ့အပြင် စစ်ဗိုလ်ချုပ်တွေအကြားမှာပါ မင်းအောင်လှိုင်ရဲ့ အာဏာမက်မောတဲ့လုပ်ရပ်ကြောင့် စစ်တပ်၊ နိုင်ငံနဲ့ ပြည်သူတွေအားလုံး ပျက်စီး ဒုက္ခ ရောက် ရတယ်ဆိုတဲ့ ဝေဖန်မှုတွေ တီးတိုး ရှိလာနေတယ်လို့ စစ်တပ် အသိုင်းအ၀ိုင်းက ဆိုပါတယ်။

စစ်တပ်အတွင်းနဲ့ စစ်ဗိုလ်ချုပ် အသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှု ဖိအားကို အကြီးအကျယ်ခံနေရတဲ့ မင်းအောင်လှိုင်အနေနဲ့ ကာလုံခေါ်ပြီး လက်ရှိ ကြုံရတဲ့ အခြေအနေတွေက သူ့ကြောင့်မဟုတ်ဘဲ မူးယစ်ဆေးဝါးကြောင့်၊ တရုတ်နိုင်ငံကြောင့်၊ လောင်းကစားတွေကြောင့်၊ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေကြောင့် ရယ်လို့ အပြစ်ပုံချပြပါတယ်။ ဒါ့အပြင် လက်ရှိ အခြေအနေတွေ အားလုံးက သူတစ်ဦးတည်းမှာ တာဝန်ရှိတာမဟုတ်ဘဲ ကာလုံအစည်းအဝေးခေါ်ပြီး အားလုံးမှာပါ တာဝန်ရှိတယ်ဆိုတဲ့ သူခိုး သေဖော်ညှိ သလိုမျိုး လုပ်ဆောင်တာလည်း ဖြစ်တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မင်းအောင်လှိုင် အပါအဝင် ကာလုံ အမည်ခံ သူခိုး သေဖော်ညှိ အစည်းအဝေးကို တက်ရောက်လာကြတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေအားလုံးရဲ့ မျက်နှာ ပူပန်မှုတွေ မသာမယာဖြစ်မှုတွေကို ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေမှာ အထင်းသား တွေ့မြင်နေရပါတယ်။

ရှမ်းမြောက်ဒေသမှာ တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင် သေဆုံးရတဲ့အထိ စစ်ကောင်စီတပ်ဖွဲ့ ရာချီ သေဆုံးနေရတာကြောင့် အောက်ခြေ စစ်တပ်အသိုင်းအဝိုင်းနဲ့ အရာရှိငယ်တွေအကြားမှာ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေ အပေါ် အယုံအကြည် မရှိတော့တဲ့အပြင် အလကား အသက်အသေမခံတော့ဘဲ လွတ်မြောက်အောင် ပြေးမယ်ဆိုတဲ့ အခြေအနေတွေ စစ်တပ်အတွင်းမှာ ဖြစ်ပေါ်နေတယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article