31 C
Yangon

ဟုမ္မလင်းမြို့နယ်၊ ဖာနိုင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး၊ စစ်ကောင်စီတပ်၏စစ်ကူများ ရောက်ရှိ ပြန်လည် ထိုးစစ်ဆင်သဖြင့် PDF ရဲဘော် တစ်ဦးကျဆုံးကာ ပြန်လည် ဆုတ်ခွာခဲ့ရ

Must read

ဟုမ္မလင်းမြို့နယ်၊ ဖာနိုင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး၊ စစ်ကောင်စီတပ်၏စစ်ကူများ ရောက်ရှိ ပြန်လည် ထိုးစစ်ဆင်သဖြင့် PDF ရဲဘော် တစ်ဦးကျဆုံးကာ ပြန်လည် ဆုတ်ခွာခဲ့ရ

ရန်ကုန်၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ပုရစ်ဖာနိုင်းအုပ်စု၊ ဖာနိုင်းကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းနေစဉ် အင်အားအလုံးအရင်းဖြင့် ပြန်လည် ထိုးစစ်ဆင်လာသဖြင့် PDF ရဲဘော်တစ်ဦးကျ ဆုံးကာ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ဟုမ္မလင်း PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ပြောကြားသည်။

ယနေ့နိုဝင်ဘာလ ၉ ရက် နံနက် ၆ နာရီ မိနစ် ၅၀ ခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် SNA ပူး ပေါင်းတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသော ဖာနိုင်းကျေးရွာရှိ စခန်းကုန်းကို ဝင်ရောက် တိုက် ခိုက် သိမ်းပိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ စခန်းကုန်းသိမ်းပိုက်ပြီး ရှင်းလင်းရေးလုပ်နေစဉ် ဟုမ္မလင်း၊ နောင်ပိုအောင်၊ မြင်သာငိုးပင်း ၊ရွှေပြည်အေး နှင့် သောင်သွပ်ရွာတို့မှ စစ်ကူများသည် သာခေါငေါ ကျေးရွာမှ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လာ သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“အပြန်အလှန်ပစ်ခတ်မှုက တစ်နာရှိခွဲ ၂ နာရီလောက်ကြာခဲ့တယ်ဗျ၊ ဖားနိုင်းစခန်းကို ဝင်ပြီးတော့ တစ် နာရီလောက်ကြာတဲ့အချိန်မှာ နောင်ပိုအောင်တို့၊ ဟုမ္မလင်း၊သောင်သွပ်စတဲ့ စစ်ကူတွေကတောက် လျှောက်ရောက်လာတာ၊ ရန်သူ့အင်အားများတော့ ခွာစစ်ဆင်ပြီးတော့ သူတို့နဲ့ တစ်မိုင်လောက်ပဲ ဝေးတဲ့ စန်းဆိုင်ကျေးရွာမှာ တပ်ထိုင်ထားပါတယ်” ဟု ဟုမ္မလင်း PDF မှတာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ခန္တီးခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ တပ်ခွဲမှူး နှင့် ခန္တီးခရိုင် အမှတ် ၁ တပ်ရင်း တပ်စုမှူး ဦးဆောင်၍ မဟာမိတ်တပ်များနှင့်အတူ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ခန္တီးခရိုင် အမှတ် ၁ တပ်ရင်းမှ ရဲဘော် ပက်ကွီယို ကျဆုံးခဲ့ကြောင်း၊ ခန္တီးခရိုင် အမှတ် ၂ တပ်ရင်းမှ ရဲဘော် တစ်ဦး လက်မောင်းကို RPG ထိမှန်ထားကာ ကျိုးပဲ့ဒဏ်ရာ၊ HPDF-124 မှ ရဲဘော် အရိုး လက်မောင်း ၄၀ မမ အစ ထိမှန် (မစိုးရိပ်ရ) ထားကြောင်း သိရသည်။

“ဖားနိုင်းစခန်းကို ရှင်းလင်းရေးဝင်ရင်း အသင့်စောင့်နေတဲ့အချိန် ရွာတွေက တဆက်တည်းဆိုတော့ စစ်ကူ တပ်ဆုတ်တပ်ကူက မြန်တယ်ပေါ့၊ အပေါ်က စခန်းကိုတော့သိမ်းခဲ့တယ်၊ သိမ်းပြီးတော့ မကြဘူး၊ သူတို့ဘက်ကနေပြီး အင်အားထုနဲ့ ထိုးစစ်ဆင်လာတယ်၊ သာခေါငေါဘက်နေပေါ့၊ အဲဒီအချိန်မှာ ရေရှည် မထိုင်နိုင်ခဲ့ဘူးပေါ့၊ သိမ်းဆည်းနိုင်ခဲ့တာ အီနာဂါ ၄ လုံး၊ RPG ထိပ်ဖူးတစ်လုံးရယ်၊ 7.62 ကျည် ၂ ရာ ကျော်နဲ့ ကျန်တဲ့အသုံးအဆောင် ပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်၊ စခန်းကတော့ အချိန်မရလို့ မနည်းပြန်ခွာခဲ့တယ်၊” ဟု ဟုမ္မလင်း PDF မှတာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ပြောကြားသည်။

ဟုမ္မလင်းမြို့နယ်အတွင်း၌ ခရိုင်တပ်ရင်း ၂ ရင်းရှိပြီး ခရိုင်တပ်ရင်း ၁ ကို NUG ၊ ကာကွယ်ရေးဝန်ကြီး ဌာနက လက်နက်တပ်ဆင်ပေးထားပြီးဖြစ်ကြောင်း၊ ခရိုင် တပ်ရင်း ၂ အနေဖြင့် Local ဖွဲ့စည်းစဉ်က တပ်ဆင်ပေးထားမှုအနည်းအကျဉ်းသာရှိကြောင်း၊ ထို့ကြောင့်ထပ်မံလက်နက်တပ်ဆင်ပေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article