30 C
Yangon

ကွမ်းလုံမြို့ကို ကိုးကန့် MNDAA က သိမ်းပိုက် နိုင်ခဲ့ပြီး ကွမ်းလုံတံတားနှင့် တာပါး တံတားကိုလည်း ထိန်းချုပ်ထား

Must read

ကွမ်းလုံမြို့ကို ကိုးကန့် MNDAA က သိမ်းပိုက် နိုင်ခဲ့ပြီး ကွမ်းလုံတံတားနှင့် တာပါး တံတားကိုလည်း ထိန်းချုပ်ထား

■ ချင်းရွှေဟော်၊ သိန္နီ၊ ဖောင်းဆိုင်၊ ကြူကုတ်၊ မုံးကိုး၊ ကောလင်း၊ ခမ်းပတ်၊ ကွမ်းလုံမြို့ စုစုပေါင်းမြို့ ၈ ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့ကို MNDAA က ယနေ့ သိမ်းပိုက် နိုင်ခဲ့ပြီး ကွမ်းလုံတံတားနှင့် တာပါး တံတားကိုလည်း ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ပိုင်းတွင် ကွမ်းလုံမြို့ကို MNDAA က အပြီးသတ် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် မြောက်ပိုင်းညီနောင် မဟာမိတ် တပ်ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး Operation ဆောင်ရွက်လာသည့် အချိန်ကာလ တစ်လျှေက်တွင် စစ်စခန်း အကြီး အသေး စုစုပေါင်း ၁၂၀ ကျော် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၎င်း သိမ်းဆည်းရရှိမှုထဲတွင် ကွမ်းလုံတံတား နှင့် တာပါးတံတား (သံလွင်တံတား) စသည့်တံတားများနှင့် အသေးစား လှေဆိပ်ကမ်းလည်း ပါဝင်ကြောင်း MNDAA ကထုတ်ပြန်ထားသည်။

တာပါးတု (လှေဆိပ်ကမ်းသည် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ ၊ မန်လော်အုပ်စု ၊ ရန်ခန့်ရွာနေရာတွင် တည်ရှိ၍ တာပါးတံတား (သံလွင်တံတား) သည် သံလွင်မြစ်၏ ကမ်းနှစ်ဖက်ကို ဆက်သွယ်ထားပြီး ကိုးကန့်နှင့် မုံးကိုးခရိုင် ၊ မိုင်ကျက်ဒေသကို ဆက်သွယ်ထားသောအဓိက လမ်းကြောင်းလည်းဖြစ်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် ကိုးကန့် (MNDAA) တပ်ဖွဲ့က မန်လော်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းကို စတင်ထိုးတိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီခန့်တွင် တာပါးတံတား (သံလွင်တံတား) တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၄ နာရီခန့်တွင် တာပါး တံတံတားရှိ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ခြေလျင်တပ်ဖြင့် ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲသည် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပြီးဆုံးပြီး ၎င်းတံတားကို အပြီးသိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးကာ ၁ ဦး အရှင် ဖမ်းမိကာ ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများသည် ရန်ခန့်ဒေသကို ထွက်ပြေးသွားကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် တာပါးတံတား (သံလွင်တံတား) မှ ရန်ခန့်ရွာနေရာကို မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များက အပြီး ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article