27.2 C
Yangon

ယခုနှစ်ဆယ်လတာကာလ အတွင်း နိုင်ငံအနှံ့ အပြားက နေအိမ်ပေါင်း ၂၈၀၀၀ နီးပါးကိုစစ်ကောင်စီမီးရှို့ခဲ့

Must read

ယခုနှစ်ဆယ်လတာကာလ အတွင်း နိုင်ငံအနှံ့ အပြားက နေအိမ်ပေါင်း ၂၈၀၀၀ နီးပါးကိုစစ်ကောင်စီမီးရှို့ခဲ့

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ယခုနှစ် ဆယ်လတာ ကာလအအတွင်း အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံနေရာအနှံ့အပြားက အရပ်သား တွေနေထိုင်ရာ နေအိမ်ပေါင်း ၂၈၀၀၀ နီးပါးကိုစစ်ကောင်စီက မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ကထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် ဇနန်နဝါရီလ က စလို့ အောက်တိုဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်တွေ ဟာ နေအိမ်ပေါင်း ၂၇၈၇၅ လုံး ကိုမီးရှို့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ ဟာ မီးရှို့ဖျက်ဆီးမှု အများဆုံးကို စစ်ကိုင်းတိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်း မြို့နယ် ၃၃ မြို့နယ်က နေအိမ်အလုံးရေ ၂၁၁၈၅ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်းကတော့ စစ်ကောင်စီတပ်တွေ ရဲ့ မီးရှို့ ဖျက်ဆီးခံရမှု ဒုတိယ အများဆုံး ဖြစ်ပြီး မြို့နယ် ၁၀ မြို့နယ် က နေအိမ်ပေါင်း ၂၉၂၉ ဆောင်ကိုဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ ဟာ မန္တလေးတိုင်းမှာ နေအိမ် အလုံးပေါင်း ၁၃၃၇လုံး၊ ကချင်ပြည်နယ်မှာ နေအိမ်အရေ အတွက် ၁၀၉၆ လုံး နဲ့ တနင်္သာရီတိုင်း မှာ နေအိမ် ၅၇၇ လုံး ကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ Data for Myanmar က ရဲ့ သုတေသနအရသိရှိရပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်နယ် ၊ ပဲခူးတိုင်း ၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ ရန်ကုန်တိုင်း ခရမ်းမြို့နယ် ၊ ရှမ်းပြည်နယ် နဲ့ ဧရာဝတီ တို့ မှာလည်း အရပ်သားနေထိုင်ရာ ‌နေအိမ်ရာနဲ့ချီ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အောက်တိုဘာလ ၃၁ ရက်နေ့ ထိ မီးရှို့ ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်ဟာာ ၂၀၂၂ ခုနှစ်က ထက်လျော့နည်းခဲ့တယ်လို့ သိရှိရပါတယ်။

၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီက နိုင်ငံအနှံ့ အပြားက အရပ်သားတွေ နေထိုင်ရာ နေအိမ်ပေါင်း ၄၆၉၃၇ လုံးကိုမီးရှို့ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ Data for Myanmar ရဲ့ သသုတေသန စာရင်းတွေ အရသိရှိရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ မီးရှို့ ဖျက်ဆီးမှု စာရင်းအပြောင်းအလဲ ဖြစ်ပေါ်ခဲ့တာဟာ စစ်ကောင်စီတပ်၊ ပျူစောထီး အဖွဲ့ နဲ့ နယ်မြေခံပြည်သူစစ်အဖွဲ့ တွေ ထိုးစစ်ဆင်နိုင်စွမ်းအားနည်း လာတာကြောင့် ဖြစ်နိုင်သလို တော်လှန်ရေးတပ်ဖွဲ့ ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF နဲ့ ဒေသကာကွယ်ရေးတပ် LDF တို့ရဲ့ စစ်ရေးနည်းဗျူဟာ အပြောင်းအလဲတွေကြောင့် ဖြစ်တယ်လို့ Data for Myanmar က မှတ်ချက်ပေးထားပါတယ်။

Photo – ချင်းပြည်နယ် ထန်တလန်မြို့ကို ၂၀၂၂ ခုနှစ်က စစ်ကောင်စီတပ်တွေ မီးရှို့ ဖျက်ဆီးခဲ့စဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article