26 C
Yangon

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်း ၁၆၀ ခန့်ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ပြီး တစ်နိုင်ငံလုံးတွင် မြို့ ၈ မြို့ကို သိမ်းပိုက်ရရှိထား

Must read

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်း ၁၆၀ ခန့်ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ပြီး တစ်နိုင်ငံလုံးတွင် မြို့ ၈ မြို့ကို သိမ်းပိုက်ရရှိထား

ရန်ကုန်၊ နိုဝင်ဘာလ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ခရိုင်းအတွင်းရှိ ဟဲ့ဟုတ်တောင်၏ အဓိက တပ်စခန်း၊ ကွမ်းလုံတံ တားနှင့် တာပါးတံတား (သံလွင်တံတား) တို့ အပါ အဝင် စတပ်စခန်းပေါင်း ၁၂၈ ခုကို သိမ်းပိုက်ထားပြီ တအာင်းတပ်မတော် TNLA က စစ်ကောင်စီ စခန်း ၃၀ ‌ကျော်ကို သိမ်းပိုက်ထားရာ စုစုပေါင်း စခန်း ၁၆၀ ခန့်ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်ဖွဲ့များက မြို့များ သိမ်းပိုက်မှုအနေဖြင့် ချင်းရွှေဟော်၊ သိန္နီ၊ ဖောင်းဆိုင်၊ ကြူကုတ်၊ မုံးကိုး၊ ကောလင်း၊ ခမ်းပတ်၊ ကွမ်းလုံမြို့ စုစုပေါင်းမြို့ ၈ ခုကို သိမ်းပိုက်ရရှိထားသည်။

စစ်တပ်စခန်းများကို သိမ်းပိုက်ရာတွင် နိုဝင်ဘာလ ၉ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး (၁၄)ရက်နေ့မြောက်တွင် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ ၊ တာရွှေထန်အုပ်စု ၊ နန်ကော်ရွာနှင့် ဖုန်းချွေရှမ်နေရာကြား ရှောက်ပယ်အိုင်နေရာတွင်ရှိသော စစ်ကောင် စီ ၏ တပ်စခန်းနှင့် ကိုးကန့်တုန်းရှမ်းဒေသ ၊ ရှီယွင်ကြည်ရွာအနီး ဟဲ့ဟုတ်တောင် စခန်းကို ကိုးကန့် (MNDAA)နှင့် မဟာမိတ်အဖွဲ့တို့ ပူးတွဲပြီး ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း၊ သည်။ လက်ရှိအချိန်အထိ စစ် ကောင်စီ၏ တပ်စခန်း အကြီးအသေး စုစုပေါင်း ၁၂၈ ခု အောင်မြင်စွာသိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့နိုဝင်ဘာလ ၉ ရက် နံနက် ၅ နာရီတွင် ရှောက်ပယ်အိုင်နေရာရှိ စစ်ကောင်စီ၏တပ်စခန်းကို ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့မှ စတင်ထိုးစစ်ဆင်လာခဲ့ရာ လေကြောင်းတိုက်ခိုက်မှု ကြားက နံနက် ၇ နာရီ မိနစ် ၂၀ အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၎င်းစခန်းကို သိမ်းပိုက်ပြီးနောက် ဖုန်းချွေ ရှမ် နေရာဘက်သို့ ဆက်လက်ချီတက်ခဲ့ရာ ဟွာရှိပန် ဘက်မှ စစ်ကား၂ စီးဖြင့် မောင်းနှင်ချီတက် လာ သော ကိုးကန်ရုပ်သေးအဖွဲ့များကို ကိုးကန့်(MNDAA) နှင့် မဟာမိတ်အဖွဲ့တို့မှ ကြားဖြတ်တိုက် ခိုက်ခဲ့ပြီး ၎င်းကား(၂)စီးကို ဖျက်ဆီးနိုင်ခဲ့သည့်အပြင် ရုပ်သေးအဖွဲ့ဝင်ကိုလည်း ချေမှုန်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ကိုးကန့် တုန်ရှမ်းဒေသ ၊ ရှီယွင်ကြည်ရွာအနီးရှိ စစ်ကောင် စီ နှင့် ပြည်သူ့စစ်အဖွဲ့၏ တပ်စခန်းကို ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့မှ ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၉ ရက် နံနက် ၄ နာရီမှ စတင်ပြီး ဟဲ့ဟုတ်တောင်ရှိစစ်ကောင်စီစခန်းကို ကိုးကန့် (MNDAA)နှင့် မဟာမိတ်အဖွဲ့တို့မှ ဗုံးကြဲပစ်ခတ်ပြီး နံနက် ၆ နာရီ ၂၅ မိနစ်တွင် ခြေလျင်တပ် ဖြင့် စတင်ချီတိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီခန့်တွင် ဗျူဟာကုန်းအနောက်ဘက်တောင်ကုန်းကို သိမ်းယူနိုင် ကြောင်း၊ ထို့နောက် နံနက် ၉ နာရီအချိန်တွင် ဟဲ့ဟုတ်တောင်ကို စတင်ထိုးစစ်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီ မိနစ် ၅၀ အချိန် ဟဲ့ဟုတ်တောင်၏ အဓိက တပ်စခန်းကိုသိမ်းယူကြောင်း၊ မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ အချိန်တွင် အရံတပ်စခန်းကို အပြီးသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ကိုးကန့်တုန်းရှမ်းဒေသ ၊ မာလီလင်အခြေချ နေထိုင် သော စစ်ကောင်စီစခန်းကို ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့သည် လေကြောင်းနှင့် မြေပြင် အင်အားနှစ်ခုပူးတွဲပြီး ထိုးစစ်တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီ ၁၀ မိနစ်တွင်အောင်မြင်စွာ သိမ်းယူ နိုင်ခဲ့ ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၃ မိနစ်တွင် ရှောက်ထောင်ကျိုင့်စခန်းကို ထပ်သိမ်းယူခဲ့ပြီး ရှီးရှမ်းဒေသ၊ တာရွှေထန်ရွာအုပ်စု၊ ချောက်တစ်တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ချန်မော်ရှိရွာအောက်ဘက်တွင်လည်း တာပါးတံတားမှ ထွက်ပြေး လာသည့် စစ်ကောင်စီစစ်ပြေးများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

နေ့လယ်ပိုင်းတွင် ကြည့်တောင်နှင့် လန့်ချောင်း၌ အခြေချသော စစ်ကောင်စီအဖွဲ့ကို စတင်ထိုးစစ် တိုက် ခိုက်ခဲ့ရာ ညအချိန်ထိ ဆက်လက်တိုက်ပွဲဖြစ်ပွားနေခဲ့ကြောင်း သိရသည်။

မူပန်(သိန္နီ)ဒေသ ၊ ဟိုပင်အုပ်စု ၊ မိုင်းတင်လက်ဖက်တောင်ကုန်းရှိ စစ်ကောင်စီ တပ်စခန်းကို မြောက် ပိုင်းမဟာမိတ်အဖွဲ့မှ လက်နက်ကြီးများဖြင့် တစ်ကြိမ်ပစ်ခတ်ပြီး နန်ဖုန်းအုပ်စုအတွင်းရှိ တပ်ရင်း (၂၉၁)စခန်းကိုလည်း လေကြောင်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းညီနောင်အဖွဲ့မှ (၁၀၂၇)စစ်ဆင်ရေး Operation ကြီး ဆောင်ရွက်လာသော အချိန်ကာလ တလျှောက် စစ်ကောင်စီ၏တပ်စခန်းအကြီးအသေး စုစုပေါင်း ၁၂၀ကျော် သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းတို့ထဲ တွင် ကွမ်းလုံတံတား နှင့် တာပါးတံတား(သံလွင်တံတား) စသည့်တံတားများနှင့် အသေးစား လှေဆိပ် ကမ်း လည်းပါဝင်ကြောင်း သိရသည်။

တာပါးတု လှေဆိပ်ကမ်းသည် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ ၊ မန်လော်အုပ်စု ၊ ရန်ခန့်ရွာနေရာတွင် တည် ရှိပြီး တာပါးတံတား (သံလွင်တံတား)မှာ သံလွင်မြစ်၏ ကမ်းနှစ်ဖက်ကို ဆက်သွယ်ထားကာ ကိုးကန့် နှင့် မုံးကိုးခရိုင် ၊ မိုင်ကျက်ဒေသကို ဆက်သွယ်ထားသောအဓိက လမ်းကြောင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတံတား၏ တည်ဆောက်ပုံမှာ သံမဏိကြိုးဖြင့်သွယ်ထားပြီး အရှည်မီတာ(၁၀၀)ရှိကြောင်း၊ အဆိုပါ တံတားကို ၂၀၀၅ ခုနှစ် မေလ ပိုင်းတွင် ဆောက်လုပ်ပြီးစီးခဲ့ကာ သွားလာခွင့်ပြုခဲ့ကြောင်း၊ ၎င်းတံတား ကို စစ်အစိုးရခေတ်က ဆောက်လုပ်ခဲ့ပြီး စစ်ကောင်စီဘက်မှ တောက်လျှောက် ထိန်းချုပ်ခဲ့သည့် တံတားဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် မန်လော်ဒေသရှိ စစ်ကောင်စီ၏တပ်စခန်းကို ကိုးကန့်(MNDAA)မှ စတင်ထိုး စစ်တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီတွင် ကိုးကန့်(MNDAA)အင်အားတစ်စုသည် တာပါးတံတား (သံလွင် တံတား)ရှိ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကာ နိုဝင်ဘာလ ၇ ရက် နံနက် ၄ နာရီအချိန်တွင် ခြေလျင်တပ်ဖြင့် ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း၊ တမနက်ခင်းလုံး တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက် နံနက် ၉ နာရီခွဲအချိန်တွင် ၎င်းတံတားကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ အတွင်း စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကာ ၁ ဦး ကို ဖမ်းဆီးရရှိခဲ့ပြီး ကျန်အဖွဲ့ဝင်များသည် ရန်ခန့် ဒေသဘက်သို့ ထွက်ပြေးခဲ့ ကြကြောင်း သိရသည်။

လက်ရှိအခြေအနေမှာ တာပါးတံတား(သံလွင်တံတား)မှ ရန်ခန့်ရွာနေရာကို မြောက်ပိုင်းမဟာမိတ် အဖွဲ့ မှ အပြီး ထိန်းချုပ်နိုင်ခဲ့ပြီး နိုဝင်ဘာလ ၈ ရက် ည ၁၀ နာရီခန့်မှ စတင်ကာ ရန်ခန့်၏ အရှေ့ဘက် နေရာ၌ရှိသော စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article