30.5 C
Yangon

ကနီမြို့နယ်၊ ချင်းတွင်းမြစ်တွင် စစ်ကောင်စီတပ်၏ သင်္ဘော ၄ စီးကို သစ်တင်၁၂ ဘီးကား ၂ စီး၊ ဒီဇယ်ဆီ ပေပါ ၁၀၀ ကျော်၊ သစ်လုံးရေ ၂၀၀ ၊ ဆိုင်ကယ် ၅ စီး အပါအဝင် ပစ္စည်းများစွာနှင့်အတူ ဖမ်းဆီးရရှိ

Must read

ကနီမြို့နယ်၊ ချင်းတွင်းမြစ်တွင် စစ်ကောင်စီတပ်၏ သင်္ဘော ၄ စီးကို သစ်တင်၁၂ ဘီးကား ၂ စီး၊ ဒီဇယ်ဆီ ပေပါ ၁၀၀ ကျော်၊ သစ်လုံးရေ ၂၀၀ ၊ ဆိုင်ကယ် ၅ စီး အပါအဝင် ပစ္စည်းများစွာနှင့်အတူ ဖမ်းဆီးရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်တွင် စစ်ကောင်စီတပ်၏ သင်္ဘော ၄ စီးကို သစ်တင်၁၂ ဘီးကား ၂ စီး၊ ဒီဇယ်ဆီ ပေပါ ၁၀၀ ကျော်၊ သစ်လုံးရေ ၂၀၀ ၊ ဆိုင်ကယ် ၁၅ စီး အပါအဝင် ပစ္စည်းများစွာနှင့်အတူ ဖမ်းဆီးရရှိမိကြောင်း ဒေသကာကွယ်ရေး ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာ ၉ ရက်နေ့ နံနက် ၆ နာရီအချိန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ပန်းဆိုင်းဆိပ်ကမ်းအနီးတွင် စစ်ကောင်စီတပ် ဖလပ်ခွံ သင်္ဘော ၂ စီးနှင့် တွန်းသင်္ဘော ၂ စီးကို ဒေသခံပြည်သူကာကွယ်ရေးတပ်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၅ ရက်နေ့ကတည်းက စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်များ ၄ ရက် ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်သားများက သင်္ဘော ၄ စီးကို စွန့်ခွာ ထွက်ပြေးသွားဖြင့် သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“နိုဝင်ဘာလ ၈ ရက်နေ့ ည ၈နာရီလောက်ကတည်းက တိုက်ပွဲက ဖြစ်နေတာ။ ည ၁၂ နာရီ လောက်ရောက်တော့ စစ်သားတွေက သင်္ဘောတွေကို စွန့်ပြီး ကနီမြို့ဆိပ်ကမ်းကို ပြန်ဆုတ်သွားတယ်။ မနက်ခင်း၆နာရီလောက်ရောက်တော့ ကျနော်တို့ ဖလပ်ခွံသင်္ဘောတွေကိုသိမ်းယူနိုင်ခဲ့တာပါ” ဟု ကနီပြည်သူကာကွယ်ရေးခေါင်းဆောာင်တစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီတပ်၏ သင်္ဘောများပေါ်မှ သစ်အလုံးအရေ ၂၀၀ လုံး ၊ ဒီဇယ်ပီပါ ၁၀၀ ကျော်၊ သစ်တင် ၁၂ ဘီးကား၂ စီး၊ဆိုင်ကယ် ၅စီး အပြင် မြင်း၂ကောင်၊ ရေတင်စက်များကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article