25 C
Yangon

Breaking News- ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ၏ နယ် ခြား စောင့်တပ်စခန်းများကို AA က စတင်တိုက်ခိုက်၊ စခန်းတချို့ သိမ်းပိုက်ရရှိ

Must read

Breaking News- ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ၏ နယ် ခြား စောင့်တပ်စခန်းများကို AA က စတင်တိုက်ခိုက်၊ စခန်းတချို့ သိမ်းပိုက်ရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ နယ်ခြားစောင့်တပ်စခန်းတချို့ကို AA က စတင်တိုက်ခိုက် သိမ်းပိုက်နေကြောင်း သိရှိရသည်

ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်း ၅ နာရီခန့်စတင်၍ ရခိုင်ပြည်ယ်၊ ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း မေယုကမ်း ၊ ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့် စခန်းများကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။

တိုက်ပွဲမှာ နိုဝင်ဘာလ ၁၃ ရက် နံနက် ၅ နာရီက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန် အထိ ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း ကိုးတန်ကောက်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

” ဒီကနေ့ မနက်ပိုင်းက ဖြစ်နေတာဗျ။ အေအေ က နယ်ခြားစောင့် စခန်းတွေကို ဝင်သိမ်းနေတာ။ ကျနော်တို့လည်း အကုန်ပြေးနေရတယ်။ သေနတ်သံတွေ ဆက်တိုက်ပဲ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်သံတွေ တစ်လျှောက်ကြားနေရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော် AA ဘက် နယ်ခြားစောင့် စခန်းတစ်ချို့ကို သိမ်းပိုက်ထားသည်ဟု ကြားရသော်လည်း သီးခြားအတည်ပြုချက် မရသေးပေ။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article