30 C
Yangon

ကျိုက်ထိုမြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ သားသမီး ၇ ဦး ဖခင် လယ်သမား ဦးမင်းနိုင် သေဆုံး

Must read

ကျိုက်ထိုမြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ သားသမီး ၇ ဦး ဖခင် လယ်သမား ဦးမင်းနိုင် သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက် ကြီးကျည်ထိမှန်၍ လယ်သမား ဦးမင်းနိုင် သေဆုံးသွားကြောင်း ဒေသပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန် ပဲခူးတိုင်း ၊ ရွှေကျင်မြို့နယ် ၊ဇလုပ်ကြီးရွာ အနီးရှိ ခမရ ၅၉၈ တပ်က ၈၁ မမ လက်နက်ကြီး ၄ လုံးကို အရပ်သားပြည်သူများ နေထိုင်သော ကျေးရွာများသို့ ဦးတည်ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှု ကြောင့် ကျိုက်ထိုမြို့နယ်၊ ရှမ်းစုကျေးရွာ၊ လယ်ကွင်းများထဲ အတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ထိုသို့ ပစ်ခတ်မှုကြောင့် ချောင်း၀ကျေးရွာသား လယ်သမား ဦးမင်းနိုင်သည် လက်နက်ကြီးကျည်ထိမှန်၍ ဘယ်လက်နှင့် ဘယ်ဘက်ပေါင်တို့တွင် လက်နက်ကြီး အစ ထိမှန်ဒဏ်ရာရရှိကြောင်း၊ ဆေးရုံတင်ပို့စဉ် နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၀၄ မိနစ်အချိန် သွေးလွန်သေဆုံးသွားကြောင်း သိရှိရသည်။

” လက်နက်ကြီးက ချောင်းဝရွာ တဖက်ကမ်း ရှမ်းစုရွာ လယ်ကွင်းထဲ ကျတယ်။ အဲဒီမှာ ရိတ်ထားပြီးသား စပါး တွေကို

နေလှမ်းနေတဲ့ ချောင်းဝ ရွာသား ဦးမင်းနိုင် အသက် ၅၄ နှစ် (ဘ) ဦးခင်မောင် အနီးသို့ ၈၁ မမ လက်နက်ကြီး ၁ လုံး

​ကျရောက်ပေါက်ကွဲခဲ့ပြီး ဘယ်ဘက်လက်နဲ့ပေါင်မှာ လက်နက်ကြီးအစ ထိမှန်ဒဏ်ရာရတယ်။ အဲဒါ ဆေးရုံကို ပို့နေတုန်း မွန်းလွဲ ၁ နာရီ ၄ မိနစ်မျာ သွေးထွက်လွန်ပြီး ကွယ်လွန်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က ပစ်ခတ်သော အခြားလက်နက်ကြီးကျည်များသည် လယ်ကွင်းထဲသို့ ကျရောက်သဖြင့် အထိအခိုက်မရှိကြောင်း သိရှိရသည်။

လက်နက်ကြီးကျည်ထိမှန်သေဆုံးသော ဦးမင်းနိုင် သည် သားသမီး ၇ ဦး ယောက် ရှိပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်စားသောက်သော လယ်သမားတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article