27 C
Yangon

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တွင် စစ်ကောင်စီစခန်းများ ဆက်တိုက်သိမ်း ပိုက်နေပြီး စခန်းပေါင်း ၁၄၇ ခုရှိလာ၊ စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားရရှိ

Must read

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တွင် စစ်ကောင်စီစခန်းများ ဆက်တိုက်သိမ်း ပိုက်နေပြီး စခန်းပေါင်း ၁၄၇ ခုရှိလာ၊ စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တွင် စစ်ကောင်စီစခန်းများ ဆက်တိုက်သိမ်းပိုက်နေပြီး သိမ်းဆည်းရရှိသော စခန်း ၁၄၇ ခုရှိလာကာ စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကိုးကန့်(MNDAA)က ကိုးကန့်ရှင်ဖင်ကိုင် (ရှောက်ချုံကန်) လျှံဖုန်ရွှေ ၊ မော်ထိုက် စိုင်းကျောက်ရှမ် နှင့် မော်ထိုက်တာလင်ကယ်တောင်စသည့်နေရာများရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ တပ်စခန်းအကြီးအသေး စုစုပေါင်း(၁၄၇)ခု သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ရှင်ဖင်ကိုင် လျှံဖုန်ရွှေနေရာရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက် အောင်မြင်စွာသိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင်ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ကိုးကန့်(MNDAA)က မော်ထိုက်စိုင်းကျောက်ရှမ်စခန်းကို ပြန်လည်သိမ်းယူ ပြီး မော်ထိုက်တာလင်ကယ်ဗျူဟာကုန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ကိုးကန့်(MNDAA)က ကိုးကန့်ဒေသရှိ စစ်ကောင်စီ၏တပ်စခန်း(၂)ခုကိုထပ်မံသိမ်းဆည်းရရှိကြောင်း ၊ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ဒဏ်ရာရသူနှင့် သေဆုံးသူ စုစုပေါင်း လူ(၅၀)ကျော်ရှိခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ကိုးကန့်(MNDAA)က ဟွာရှီပန်အခြေချနေထိုင်သော စစ်ကောင်စီစခန်း ကို ဦးစွာထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၁၄ မိနစ်အချိန် ဟုန်အိုင်ဒေသ ၊ ရှမ့်ကန်လင်မျက်နှာချင်းဆိုင် မော်ထိုက်လောက်ပန်ချန်နေရာရှိစစ်ကောင်စီစခန်းကို ဝင်ရောက်ရှင်းလင်းသိမ်းယူ ပြီးလက်နက်ခဲယမ်းအချို့လည်းသိမ်းဆည်းရမိကြောင်း ၊

နိုဝင်ဘာလ ၁၂ ရက်နေ့ ချုံကန်စခန်းကိုသိမ်းယူပြီးနောက် မော်ထိုက်အခြေချနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့ သည် ချုံကန်ဒေသသို့ရွေ့လျားလှုပ်ရှားလာခဲ့သဖြင့် ကိုးကန့်(MNDAA)က နိုဝင်ဘာ ၁၃ ရက်မှ ၁၄ ရက်နေ့အထိ ၎င်းတို့ရွှေ့လျားလှုပ်ရှားလာသောစစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ ဒဏ်ရာရသူ နှင့်သေဆုံးသူ စုစုပေါင်း(၅၀)ကျော်ရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ကိုးကန့်(MNDAA)ရှေ့တန်းအရာရှိတစ်ဦးက “စစ်ကောင်စီအဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ပါတယ်။ အလောင်း တချို့ကိုစစ်မြေပြင်ချန်ရစ်ထားခဲ့ပြီး တချို့ကိုမြှုပ်နှံထားခဲ့ပါတယ်” ဟု ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article