33 C
Yangon

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၅၀ ကျော်ကို ကိုးကန့် MNDAAတပ်ဖွဲ့က သိမ်းပိုက်ရရှိ

Must read

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၅၀ ကျော်ကို ကိုးကန့် MNDAAတပ်ဖွဲ့က သိမ်းပိုက်ရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၅၀ ကျော်ကို ကိုးကန့် MNDAAတပ်ဖွဲ့က သိမ်းပိုက်ရရှိထားကြောင်း MNDAA က တရားဝင်သတင်းထုတ်ပြန်သည်။

ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး Operation ၂၁ ရက်မြောက်အဖြစ် ကိုးကန့်တုန်းရှမ်းဒေသ ခုတ်ထန်နေရာရှိ စစ်ကောင်စီတပ် စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယမန် နေ့နံနက် ၅ နာရီ ၃၀ မိနစ် အချိန် ကိုးကန့်(MNDAA)က ခုတ်ထန်နေရာရှိ စစ်ကောင်စီတပ်စခန်းကို စတင်ထိုးစစ် တိုက်ခိုက်ခဲ့ကာ တိုက်ပွဲ ၆ နာရီကြာဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်တပ်ဖွဲ့တို့က စစ်ကောင်စီ၏ တပ်စခန်းအကြီးအသေး စုစုပေါင်း (၁၅၀)ကျော် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့မှ ကိုးကန့်(MNDAA)သည် ကိုးကန့်ခရိုင်ဟုန်ရှင်း (မော်ထိုက်)ဒေသ ၊ မော်ထိုက်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး ဟုန်အိုင် လွတ်မြောက်ဒေသနှင့် မော်ထိုက်ဒေသ၏ကြားနေရာရှိ စစ်ကောင်စီတပ်စခန်းကိုလည်းရှင်းထုတ်ခဲ့ကာ ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည် ဖွင့်လစ်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ကိုးကန့်တုန်းရှမ်းဒေသ လောက်မှုကျူတောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကိုလည်း တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၅ ရက်နံနက်ပိုင်းတွင် ကိုးကန့်(MNDAA)သည် ရှင်းဖျင်ကိုင် လျှံဖုန်ရွှေ ၊ မော်ထိုက်စိုင်းကျောက်ရှမ်နှင့် တလင်ကဲတောင်ကုန်းရှိ စစ်ကောင်စီစခန်းနှင့် ဗျူဟာကုန်းများကို တစ်ခုချင်းစီ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီ အချိန် မော်ထိုက်တာလျံတောင်ရှိ စစ်ကောင်စီစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာကာ တစ်နာရီအကြာတွင် ၎င်းစခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း၊ လက်နက်ခဲယမ်းအချို့လည်းသိမ်းဆည်းရမိကြောင်း သိရှိ၇သည်။

လက်ရှိ မော်ထိုက်ဒေသတွင် စစ်ကောင်စီ၏ တပ်စခန်းများအားလုံး အပြီးရှင်းလင်းနိုင်ခဲ့ပြီး ကိုးကန့်ခရိုင်၏ မြောက်ပိုင်းမြောက်နယ်မြေဧရိယာ ကိုဟုန်ရှင်းဒေသ မော်ထိုက်နှင့် ချုံကန် အထိ ချဲ့ထွင်နိုင်ခဲ့ကြောင်း၊ အလားတူ နိုဝင် ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် MNDAAက လောက်မှုကျူတောင်ကုန်းရှိ စစ်ကောင်စီ တပ်စခန်း ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်လာပြီး ၎င်းစခန်းကို ဝန်းရံပိတ်ဆို့ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မြေပြင်အင်အားဖြင့် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန် အောင်မြင်စွာ သိမ်းယူခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article