30 C
Yangon

ရဲ၊ ထွေ/အုပ်၊ စသုံးလုံး၊ လ၀က၊ မီးသတ်နှင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများကို နောက်ဆုံးအခွင့်အရေး အဖြစ် အလင်းဝင်ကြရန် NUG ပြည်ထဲရေးဝန်ကြီး အမိန့်ထုတ်

Must read

ရဲ၊ ထွေ/အုပ်၊ စသုံးလုံး၊ လ၀က၊ မီးသတ်နှင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများကို နောက်ဆုံးအခွင့်အရေး အဖြစ် အလင်းဝင်ကြရန် NUG ပြည်ထဲရေးဝန်ကြီး အမိန့်ထုတ်

ရန်ကုန်၊ နိုဝင်ဘာလ ၁၇

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ Non-CDM ဝန်ထမ်း များအားလုံး NUG လက်အောက်ခံ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ စာရွက်စာတမ်းများ စနစ်တကျလွှဲပြောင်း အပ်နှံပြီး အလင်းဝင်ရောက်ကြရန် NUG အစိုးရ၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က အမိန့်ထုတ်ပြန်သည်။

မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း မြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲနေကြပြီးဖြစ်ရာ ယခုအချိန်တွင် တော်လှန်ရေးအင်အားစုများအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်ရေး လှုပ်ရှားမှုများကို အရှိန် အ ဟုန် မြင့်မားစွာဖြင့် “လူထုတော်လှန်ရေးလှိုင်း” တစ်လှိုင်းပြီး တစ်လှိုင်း လှုပ်ရှားနေကြပြီဖြစ်ကြောင်း၊ အဆိုပါ စစ်ရေးလှုပ်ရှားမှုများအတွင်း သိမ်းယူစိုးမိုးရရှိထားသည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်း ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတို့မှ Non-CDM ဝန်ထမ်းများသည် ဌာန ဆိုင်ရာ စာရွက်စာတမ်းများအား သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံသို့ စနစ်တကျ အပ်နှံပြီး အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်သို့ အလင်းဝင်ရောက်ကြရန် အကြောင်းကြား လိုက်ကြောင်း NUG ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ပေးထားသည်။

Non-CDM ဝန်ထမ်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးအပ်သည့် နောက်ဆုံးသော အခွင့် အရေးအနေဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်ကြရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက တည်ဆဲ ဥပဒေ များအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်းကို မလွဲမသွေ ခံယူရမည်ဖြစ်ကြောင်း NUG ပြည် ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လွင်ကိုလတ်က လက်မှတ် ရေးထိုး အမိန့်ထုတ်ပြန်ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article