25 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ရှမ်းပြည်နယ်မှာ ကိုးကန့် MNDAA က သိမ်းပိုက်ထားတဲ့ နမ့်စလပ်တောင်ကုန်းစခန်းကို အကြမ်းဖက် စစ်တပ်က ဓာတုအဆိပ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ပြန်ကြားရေး The Kokaung က ထုတ်ပြန်ထားပါတယ်။

– မကွေးတိုင်း၊ ပခုက္ကူမြို့အနီး၊ ပခုက္ကူ-ရေစကြိုလမ်းပေါ် ပန်းတိုင်းခြုံကျေးရွာ စစ်တပ်စစ်ဆေးရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၆ ဦး သေသွားတယ်လို့ Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။

– ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှာ စစ်ဘေးရှောင်ကားကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှု ပြည်သူ ၁၄ ဦးသေဆုံးသွားတယ်လို့ MNDAA က ပြောပါတယ်။

– ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တရားရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်မယ်ဆိုတဲ့သတင်းကြောင့် တရားရုံး ဝန်ထမ်းတွေ၊ အမှုသည်တွေ၊ ရှေ့နေတွေဟာ တရားရုံးနဲ့ ဝေးရာကို ထွက်ပြေးကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article