25 C
Yangon

ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး G 3 လက်နက်၊ ကျည်တောင့်များနှင့်အတူ အလင်းဝင်၊ ငွေကျပ် သိန်း ၈၀ ချီးမြှင့်

Must read

ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး G 3 လက်နက်၊ ကျည်တောင့်များနှင့်အတူ အလင်းဝင်၊ ငွေကျပ် သိန်း ၈၀ ချီးမြှင့်

ရန်ကုန်၊ နိုဝင်ဘာ ၂၄

မကွေးတိုင်း၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦးသည် G3 လက်နက်၊ ကျည်တောင့်များနှင့်အတူ အလင်းဝင်လာသဖြင့် Southern YSO PDF အဖွဲ့က‌ ငွေကျပ် သိန်း ၈၀ ချီးမြှင့်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူ ဗိုလ်အောင်မောင်းက ပြောဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့တွင် ပခုက္ကူမြို့မ ရဲစခန်းတွင် တာဝန်ကျထမ်းဆောင်နေသော ရဲတပ်သား တစ်ဦးသည် G3 သေနတ်တစ်လက်၊ ကျည်ဘောက် ၄ခု၊ ကျည် ၁၂၇ တောင့်၊လက်ထိပ် ၁ ခု တို့ဖြင့် လက်နက်အပ် အလင်း ဝင်ရောက်လာကြောင်း၊ ထို့ကြောင့် Southern YSO PDF က နွေးထွေးစွာကြိုဆိုပြီး ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၈၀ ချီးမြှင့်ခဲ့ကြောင်း၊ ယင်းနောက် ရဲတပ်သားနေထိုင်လိုသော အရပ်သို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

အလင်းဝင်ရောက်လာသော ရဲတပ်သားက ၎င်းအနေဖြင့် စစ်ကောင်စီ လက်အောက်တွင် တာဝန်မထမ်းဆောင်နိုင်တော့ကြောင်း၊ အဓိကအားဖြင့် စစ်ကောင်စီက “ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်း “ကိုမနှစ်မြို့ခြင်း၊ “ပြည်သူများ၏ အိုးအိမ် နှင့် စည်းစိမ်ကို မီးရှို့ဖျက်ဆီး လုယက်ယူဆောင်ခြင်း” ကို မနှစ်မြို့ခြင်း၊ “အာဏာရှင်အတွက် အလုပ်လုပ်ခြင်း” ကို မနှစ်မြို့ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ရင်ခွင်ဆီသို့ ဝင်ရောက်ခိုလှုံခြင်းဖြစ်ကြောင်း သိရှိရသည်။

Southern YSO PDF အနေဖြင့် ထပ်မံ၍ လက်နက်အပ် အလင်းဝင်ရောက်လာမည့် စစ်ကောင်စီတပ်သားများကို နွေးထွေးစွာ ကြိုဆိုကြောင်း၊ အလင်းဝင်လာသည့် ရဲတပ်သားကို ဆုကြေးငွေ ချီးမြှင့်ပေးရာတွင် ငွေကြေးမလုံလောက်ခဲ့သည့်အတွက် ငွေ ချေးဌား ပေးဆောင်ခဲ့ရကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ရာဘက်မှ ပါဝင်ကူညီပေးရန် ဗိုလ်အောင်မောင်းက မေတ္တာရပ်ခံသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article