24.9 C
Yangon

ထားဝယ်မြို့နယ်ရှိ ကျောက်မဲ တောင်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး၊ ရေစကြိုမြို့နယ်ရှိ မင်းရွာ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်

Must read

ထားဝယ်မြို့နယ်ရှိ ကျောက်မဲ တောင်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး၊ ရေစကြိုမြို့နယ်ရှိ မင်းရွာ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂၈

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့ရှိ ကျောက်မဲတောင်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်း (DCC) က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၅ နာရီ ၃၀ မိနစ်တွင်မေတ္တာမြို့ရှိ ကျောက်မဲ တောင်ရဲစခန်းကို ထားဝယ် စုပေါင်းစစ်ကြောင်း (DCC) နှင့် မဟာမိတ် အင်အားစုများ ပူးပေါင်းကာ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ခန့် သေဆုံးကာ ၃ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျောက်မဲတောင် ရဲစခန်းကို တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှု ၇ နာရီခန့် ကြာမြင့်ခဲ့ကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ကျည်အင်အား လျော့နည်းလာမှု အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း မေတ္တာမြို့ ရဲစခန်းမှ စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျောက်မဲတောင်ကျေးရွာရှိ လူနေအိမ်များပေါ်ကို ကျရောက်ပေါက်ကွဲ၍ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်စုပေါင်းစစ်ကြောင်း (DCG)၊ ဒေါင်းညီနောင်စစ်ကြောင်း၊ သရက်ချောင်း (ပကဖ) အဖွဲ့ဝင်များဖြစ်သော ဒေါင်းမင်းစစ်ဆင်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ (ITYC-PDF] ထားဝယ်တောင်ပိုင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ( DSPDF) ၊ သရက်ချောင်းမြို့နယ် ပြည့်သူကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်နဂါးတပ်ခွဲ (၂ ) ၊ ထားဝယ်လူငယ်လက်ရုံးတပ်၊ ဥဩစစ်ကြောင်း၊ သံမဏိပြောက်ကျားတပ်ဖွဲ့၊ Dawei Defense Team (DDT)၊ KAW THOO LEI ARMY (KTLA) တို့က ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Sintkaing Revolution Force-SRF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း၊ တိုက်ပွဲချိန် ၄ နာရီကျော်ကြာမြင့်ခဲ့ပြီး ကျည်လုံလောက်မှု မရှိသောကြောင့် စခန်းသိမ်းနိုင်ခြင်း မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Sintkaing Revolution Force-SRF၊ စဥ့်ကိုင် ပကဖ၊ မြောင် ပလဖ၊ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ CDSOM၊ One PDF၊ CNA ချောင်းဦး၊ MRF စားဖို၊ TGR မြောင်၊ ဒေါင်းညီနောင်နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article