25 C
Yangon

အမ်းမြို့နယ်တွင် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ကလေးငယ် ၁ ဦးသေဆုံး၊ ကော့ကရိတ်မြို့နယ်တွင်လည်း စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦးဒဏ်ရာရ

Must read

အမ်းမြို့နယ်တွင် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ကလေးငယ် ၁ ဦးသေဆုံး၊ ကော့ကရိတ်မြို့နယ်တွင်လည်း စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး အသက် ၁၂ အရွယ် ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အမ်းမြို့နယ်၊ တပ်တောင်တိုက်နယ်၊ လုံးရွာတွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် ဒေါ်သူဇာနှင့် ၎င်း၏ သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်ဇွဲနိုင်ထွန်း တို့သည် တပ်တောင်မြို့၊ နယ်မြေ ရဲစခန်းအနီး၌ အုတ်ဖုတ်ရန် တာဝါတိုင်ကုန်းအနီး တောလမ်းအတိုင်းလာစဥ် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းနင်းမိသော သားအမိ ၂ ဦးကို ဒေသပြည်သူများက တပ်တောင်တိုက်နယ်ဆီးရုံကို ပို့ဆောင်စဥ် သားဖြစ်သူ မောင်ဇွဲနိုင်ထွန်းသည် ဒဏ်ရာ အလွန်ပြင်းထန်သောကြောင့် ဆေးရုံး၌ပင် သေဆုံးခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်သူဇာသည် အရေးပေါ်လူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အတွင်းရှိ ဝေါ်လေတွင် အခြေစိုက်သော ဝေါ်လေဗျူဟာကုန်းမှ အကြမ်းဖက် စစ်ကောင်စီတပ်များက ပြည်သူများ နေထိုင်သည့် ကျေးရွာအနီး ဝန်းကျင်တွင် မြေမြှုပ်မိုင်းများ လိုက်လံထောင်ထားသည့်အတွက် နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်၌ ဝေါ်လေကျေးရွာနေ အသက် ၄၅ နှစ်အရွယ်ရှိ ဦးမင်မင်ဦး သပြေခက်များအား လိုက်လံရှာခူး ရောင်းချနေစဥ် မြေမြှုပ်မိုင်း နင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article