25 C
Yangon

မင်းကင်းမြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား၊ ရွှေဘိုမြို့ရှိ အောင်ချမ်းသာရွာသစ်ထိပ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် တိုက်ပွဲ ဖြစ်ပွား

Must read

မင်းကင်းမြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား၊ ရွှေဘိုမြို့ရှိ အောင်ချမ်းသာရွာသစ်ထိပ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် တိုက်ပွဲ ဖြစ်ပွား

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ရွာအနီးရှိ စစ်ကောင်စီတပ် စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကျောင်းသား တပ်ဖွဲ့- SRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၄ နာရီခန့်က မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ရွာအနီး အခိုင်အမာ ခြေ ကုပ် စခန်းထိုင်ထားသော စစ်ကောင်စီတပ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ နံနက် ၁၁ နာရီခန့်အထိ ကြာမြင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ် သား ၁၀ ဦးခန့် မျက်မြင်သေဆုံးခဲ့ကြောင်း၊ ထို့နောက် စစ်ကူလာရောက်သည့် စစ်ကြောင်းနှင့် လယ်ကွင်းပြင်အတွင်း အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

“စစ်တပ်စခန်းကုန်းပုံစံမျိုး၊ ခြံစည်းရိုးဆိုရင်လည်း ၂ ထပ် ၃ ထပ်နဲ့၊ မိုင်းတွေလည်း ရှိတယ်၊ အဲလို မျိုး တွေကို ရှင်းရှင်းပြီးတော့ သိမ်းရတာ၊ စစ်စခန်းမျိုးကို သိမ်းရတာ၊ စခန်းကို သိမ်းနိုင်ခဲ့တယ်၊ စစ်ကူ ရောက်လာတဲ့အချိန်မှာ စစ်တပ်အင်အားက ကိုယ့်ထက်ပိုများနေလို့ ပြန်ဆုတ်လာခဲ့ရတာ၊ စခန်းသိမ်းနေ တဲ့အချိန်မှာက ၁၀ ယောက်ပတ်ဝန်းကျင်လောက်တော့ အလောင်းမြင်တာပေါ့၊ တပ်ကူလာတဲ့အချိန်မှာ သူတို့ကလည်း လယ်ကွင်းပြင်၊ ကျနော်တို့ကလည်း လယ်ကွင်းပြင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာ၊ အဲဒီမှာတော့ ကျတာ မကြည့်နိုင်တော့ဘူး၊ ဆေးရုံတွေဘက်ထောက်မေးကြည့်တဲ့အခါကျတော့ ၃၈ ယောက်လို့လည်းပြောတယ်၊ ၃၆ ယောက်လို့လည်းပြောတယ်၊ အဲလောက်သေတာ” ဟု ကျောင်းသား တပ်ဖွဲ့- SRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြုသော RPG7 ၁ လက်၊ MA5 စစ် ဗိုလ် ကိုင် ပစ္စတို သေနတ် ၁ လက်၊ RPG ကျည် ၁၁ လုံး၊ Drone Jammer ၁ ခုတို့ကို သိမ်းဆည်း ရရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA လက်အောက်မှ ကျောင်းသားတော် လှန်ရေးတပ်ဖွဲ့ (S.R F)၊ Brave Eagle Revolution Force နှင့် LDF တပ်ပေါင်းစုတို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်တစ်ဦး ကျဆုံးကာ စိုးရိမ်ရဒဏ်ရာဖြင့် ရဲမေတစ်ဦး၊ ရဲဘော်တစ်ဦး ၊ မစိုးရိမ်ရ ဒဏ်ရာ ၄ ဦး အသီသီးရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အောင်ချမ်းသာရွာသစ်ထိပ်အရောက်တွင် ခြေလျင်ချီတက်လာသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းကို ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အဝေးထိန်းမိုင်း ၁၀ လုံးဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ခြေဦးတည့်ရာထွက်ပြေးကြပြီး သတ်ကွင်းပုံဖော်စောင့်ဆိုင်းနေသော နေရာအရောက်တွင် မဟာမိတ်ပူးပေါင်း အဖွဲ့တို့မှ လက်ဦးမှုရယူကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရှိရသည်။

ထိတွေ့ ပစ်ခတ်မှု ၄၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားများ၏ ထိခိုက်သေဆုံးမှုကို စုံစမ်းဆဲဖြစ်ကြောင်း တော်လှန်ရေး ရဲဘော်များက ပြောကြားသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၈၀ ခန့်ပါပြီး စိုင်နိုင်ကွေ့ ရွာမှ ရွှေဘိုသို့ ထွက်ခွာလာသည့် စစ်ကြောင်း ဖြစ်ပြီး ထိတွေ့တိုက်ပွဲအပြီး လက်ရှိအချိန်တွင် ရွှေဘိုမြို့တွင်းသို့ ဝင်ရန် ပြင်ဆင်နေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောပြသည်။

အဆိုပါ တိုက်ခိုက်မှုကို တောကျီးကန်းပကဖ၊ အောင်ဘော်ပကဖ၊ CDF SHWEBO ပကဖ၊ ရွှေမင်းသားပကဖ၊ ဂဠုန်ကြီးပကဖ၊ ic ပကဖ၊ တောဗိုလ်ပကဖ၊ ယူကရိန်းပကဖ၊ ဒေါင်းအောင်လံပကဖ၊ ပါကစ္စတန်ရှက်တေး ပကဖ စသည့်အဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဂဠုန်ကြီးပကဖ၊ CDF SHWEBO ပကဖ၊ တပ်ရင်း၄ခွဲ၂၊ နောင်ရိုး (ARMY)၊ ic ပကဖ၊ ရွှေမင်းသားပကဖတောကျီးကန်းပကဖ တို့က ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article