36 C
Yangon

ကျိုက်မရောမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူ၊ ကော့ကရိတ်ရှိ မောင်းမရွာသစ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာ

Must read

ကျိုက်မရောမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူ၊ ကော့ကရိတ်ရှိ မောင်းမရွာသစ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာ

ရန်ကုန်၊ ဒီဇင်ဘာ ၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၁ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၅၀ မိနစ်ခန့်တွင် ကျိုက်မရောမြို့နယ်၊ မိကသစ်ကျေးရွာအုပ်စုရှိ ဘဏ္ဍာဓနတောရ ဘုန်းတော်ကြီးကျောင်းဝင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချခဲ့သောကြောင့် သက်တော် ၄၂ ဝါရှိ ဦးဇင်းဦးသောမ ဗုံးစထိမှန်ပြီး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

“ဒီနေ့ နံနက်အစောပိုင်း ၁ နာရီ ၅၀ မိနစ်လောက်က စစ်တပ်ရဲ့ ဂျက်ဖိုက်တာက ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချမှုကြောင့် မိကသစ်ကျေးရွာအုပ်စုမှာရှိတဲ့ ဘဏ္ဍာဓန တောရ ဘုန်းတော်ကြီးကျောင်းဝင်း သိမ်အနီး ကျရောက် ပေါက်ကွဲလို့ သက်တော် ၄၂ ဝါရှိတဲ့ ဦးဇင်းဦးသောမ ဗုံးစထိမှန်ပြီး ပျံလွန်တော်မူသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မောင်းမရွာသစ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး ကား ၂ စီးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကော့ရိတ်မြို့နယ်၊ မောင်းမရွာသစ်ကျေးရွာကို ကော့ကရိတ်မြို့ အခြေစိုက် ခလရ ၉၇ က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေါ်ရင်သောင်း ဘယ်ဘက် လက်မောင်း ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင်လည်း လက်နက်ကြီးဖြင့် ဒုတိယအကြိမ် ထပ်မံ ပစ်ခတ်ခဲ့ရာ မောင်းမရွာသစ်ကျေးရွာရှိ ဘုန်းကြီးကျောင်း အတွင်းသို့ကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းရပ်ထားသော ကား ၂ စီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article