38 C
Yangon

မူဆယ်မြို့နယ် ၊ စစ်ကောင်စီ၏ နမ့်ပေါ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး လက်နက်မျိုးစုံ ၃၂ လက်နှင့် စစ်သုံ့ပန်း ၂ ဦး အရှင်ဖမ်းမိ

Must read

မူဆယ်မြို့နယ် ၊ စစ်ကောင်စီ၏ နမ့်ပေါ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး လက်နက်မျိုးစုံ ၃၂ လက်နှင့် စစ်သုံ့ပန်း ၂ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်ပေါ်စစ်ကောင်စီတပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်ရရှိပြီး လက်နက်မျိုးစုံ ၃၂ လက်နက်နှင့် စစ်သုံ့ပန်း ၂ ဦး အရှင်ဖမ်းဆီးရရှိကြောင်း TNLA က တရားဝင် ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၅ နာရီအချိန် မူဆယ်မြို့၀နယ် စစ်ကောင်စီ နမ့်ပေါ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ နမ့်ပေါ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း နိုဝင်ဘာ ၂၇ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ ၅ ရက်အကြာ ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တပ်စခန်းအတွင်း စစ်ကောင်စီ၏ 60 MM လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၃၂)လက်၊ ကျည်ပေါင်းများစွာ၊ စစ်သုံးပန့် (၂)ဦး အရှင်နှင့် စစ်သုံးဆောင်ပစည်းများ ရှင်းလင်းသိမ်းဆည်းရမိပြီးဖြစ်ကြောင်း၊ စစ်ကောင်စီ နမ့်ပေါ်တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများစွာနှင့် လေကြောင်းတိုက်ခိုက်မှု Jet Fighter ၂၁ ကြိမ်၊ Y8/Y12 လေယာဥ် ၅ ကြိမ်၊ Mi35/Mi17 ၃ ကြိမ်ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article