24.9 C
Yangon

ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ အတွင်းသို့ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ဦးထက် မနည်းသေဆုံး

Must read

ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ အတွင်းသို့ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ဦးထက် မနည်းသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁

မကွေးတိုင်း၊ ပခုက္ကူမြို့၊ တပ်မ ၁၀၁ တပ်အတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့ တာဝန် ခံ ဗိုလ်ကာတွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ ပခုက္ကူမြို့၊ တပ်မ ၁၀၁ အတွင်းသို့ ရှော့တိုက်ဒုံး ၂ လုံးပစ်ခတ် တိုက်ခိုက်ခဲ့ရာ ယင်းတပ်မအတွင်းရှိ လက်အောက်ခံတပ်ရင်းတစ်ခုဖြစ်သော ခမရ ၂၅၂ တပ်ရင်း၏ လက်နက်ခဲယမ်းအဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲကာ အကြ်မးဖက်စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အစ ပစ်ဖို့ကတော့ ၆ လုံးလောက်ပစ်ဖို့ပဲ၊ ပစ္စည်း Error တက်သွားလို့ ဆိုပြီး ၂လုံးတည်း ပစ်ပြီးတော့ ပြန်လာခဲ့တာ၊ နှစ်လုံးတည်းကို မှ တကယ့်ချက်ကောင်းနေရာကို သွားကျတာ၊ တပ်မ ၁၀၁ ထဲကို ဘယ်ဝင်းထဲကျကျ ဆိုပြီး ပစ်တာ၊ ၂၅၂ တို့၊ ၂၅၁ တို့ ၂၃၅ တို့က အဲဒီတပ်မ ၁၀၁ ထဲမှာရှိတာ၊ အဲဒီထဲမှာ ကပ်ကပ်လေးတွေ ရှိနေတာ၊ တပ်မ ၁၀၁ လက်အောက်ခံတပ်တွေပဲ၊ သူတို့ဘက်ကလည်း ၈၀ မမ ၂ လုံး ပြန်ပစ်တယ်။” ဟု Burma Revolution Rangers တပ်ဖွဲ့ တာဝန် ခံ ဗိုလ်ကာတွန်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Burma Revolution Rangers နှင့် Royal Defense Force – မြိုင်၊ စနေမင်း ပြောက်ကျားတပ်ဖွဲ့ မြိုင်မြို့နယ်နှင့် Chauk Guerilla Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် ညပိုင်းတွင် တပ်မ ၁၀၁ ဝင်းမြောက်ဘက်ရှိ လက်ပံကန်ကျေးရွာ နေပြည်သူများကို တစ်ရွာလုံးရှောင်တိမ်းနေထိုင်ကြရန် တပ်မ ၁၀၁ စစ်သားများက လာရောက် စေခိုင်းခဲ့ ပြီး လက်ပံကန်ရွာမြောက်ဘက်၌ ကင်းပုန်းဝပ်ကာ ကားတစ်စီးဖြင့် အကြမ်းဖက်စစ်သား အင်အား ၃၀ ခန့် အနောက်ချောက်ကန်ကျေးရွာသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article