24 C
Yangon

မတူပီမြို့မရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦးက မိသားစုနှင့်အတူ သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်သဖြင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်

Must read

မတူပီမြို့မရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦးက မိသားစုနှင့်အတူ သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်သဖြင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်

ရန်ကုန်၊ ဒီဇင်ဘာ ၂

ချင်းပြည်နယ်၊ မတူပီ မြို့မရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦးသည် မိသားစုနှင့်အတူ သေ နတ် ၁ လက် ယူဆောင်လာကာ အလင်းဝင်လာကြောင်း CDF-Matupi တပ်ဖွဲ့က ပြောသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ မတူပီမြို့ပေါ် မြို့မရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦးသည် G-3 ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆံ ၁၀၄ တောင့် ကိုယူဆောင်လာပြီး မိသားစုပါ ခေါ်ဆောင်လာကာ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ ထံ အလင်း ဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်လာသော ရဲတပ်ကြပ် မိသားစုကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီ က ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ပေးခဲ့ကြောင်း၊ မတူပီမြို့နယ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီနှင့် အမြန်ဆုံး ပူးပေါင်းပေးပါရန် နောက်ဆုံးအကြိမ် ဖိတ်ခေါ်တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article