33 C
Yangon

လာရာ တူခဲ့ကြသော်လည်း လားရာ မတူခဲ့ကြသူများက ပေးသော သင်ခန်းစာ

Must read

လာရာ တူခဲ့ကြသော်လည်း လားရာ မတူခဲ့ကြသူများက ပေးသော သင်ခန်းစာ

■ ခလရ ၁၂၅ မှ အလံဖြူထောင်၍ အသက်ချမ်းသာရလွတ်မြောက်သူများ နှင့် လက်နက်မစွန့်ဘဲ ထွက်ပြေး၍ အစုလိုက်အပြုံလိုက် သေပွဲဝင်ခဲ့ကြရသော စစ်သားများ

By ရန်ကုန်ခေတ်သစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ဒေသ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ တပ်ရင်းတွေ စစ်သားရာနဲ့ချီပြီး အလံဖြူထောင် လက်နက်ချ အလင်းဝင်တာ ပြည်သူအားလုံး သိရှိကြပြီးဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့မှာ လောက်ကိုင် ဒကစ လက်အောက်ခံ ခလရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးစီးတဲ့ အရာရှိနှင့်စစ်သား ၁၂၆ ဦး၊ မိသား စု ၁၃၄ ဦးစုစုပေါင်း ၂၆၂ ဦး တပ်ရင်းအလိုက် MNDAA ထံမှာ အလံဖြူထောင် အလင်းဝင်ပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့မှာတော့ လောက်ကိုင်ဒကစ လက်အောက်ခံ ခလရ ၁၂၅ က တပ်ရင်းမှူးနဲ့တကွ စစ်သည်၊ အရာရှိ ၂၇၂ ဦး လက်နက်ချ အလံဖြူထောင်ပါတယ်။ ဒါပေမယ့်လည်း ခလရ ၁၂၅ မှာ အားလုံး လက်နက်ချတာမဟုတ်ဘဲ စစ်သား ၁၀၀ ကျော်က အမှတ် ၁၆ စကခမှူး ရဲ့ ခေါ်ဆောင်မှုနဲ့ လက်နက်မချ အညံ့မခံဘဲ ထွက်ပြေးသွားကြပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့မှာပဲ ညနေပိုင်းမှာပဲ ခလရ ၁၂၅ က အလံဖြူထောင် လက်နက်ချ အညံ့ခံသူတွေကို MNDAA က သေချာစွာ ဘေးကင်းအောင်စောင့်ရှောက်ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်သလို ဒဏ်ရာရရှိသူတွေကိုလည်း ဆေးကုသပေးပါတယ်။ MNDAA ရဲ့ စီစဉ်မှုအောက်မှာ စစ်သည်တွေ၊ အရာရှိတွေနဲ့ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ ဘေးကင်းအေးချမ်းစွာ ရွှေ့ပြောင်းခွင့်ရကြတာ၊ အသက်ချမ်းသာရကြတာကိုလည်း မြင်တွေ့ရပါတယ်။

ခလရ ၁၂၅ မှ အလံဖြူထောင် လက်နက်ချသူတွေမှာ ကော်မျိုးနွယ်ပြည်သူ့စစ်အဖွဲ့ဝင် ၂၇ ဦး (ဗမာလူမျိုး) ၊ ခလရ ၁၂၅ မှ တပ်ဖွဲ့ဝင် ၉၃ ဦး ၊ စကခ ၁၆ မှ တပ်ဖွဲ့ဝင် ၃၆ ဦး ၊ စကခ ၁၂ မှ တပ်ဖွဲ့ဝင် ၁၄ ဦး ၊ စစ်မိသားစုဝင် ၈၆ ဦး ၊ စစ်ဆင်ရေးအကြံပေး သူ ၅ ဦး နှင့် ရဲအဖွဲ့ဝင် ၁၁ ဦး စုစုပေါင်း လက်နက်ချ အလင်းဝင်သူ ၂၇၂ ဦး အသက်ချမ်းသာ ရခဲ့ကြပါတယ်။

လက်နက်ချအညံ့မခံဘဲ ထွက်ပြေးကြသူတွေရဲ့ အခြေအနေကို ကြည့်ရအောင်ပါ။ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ခလရ ၁၂၅ မှ ၁၆ စကခမှူးရဲ့ ခေါ်ဆောင်မှုနဲ့ ထွက်ပြေးကြတဲ့ စစ်သား ၁၀၀ ကျော်က နိုဝင်ဘာလ ၂၈ ရက်နေ့၊ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ တောထဲမှာ တလည် လည်နဲ့ပဲ လာကယ်မယ့်သူမရှိ ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ရှီရှမ်းဒေသ ရှောက်ကိုင်အုပ်စု ၊ ဝကြည်ကျိုင့်ရွာ နှင့် စူကြာ ကျိုင့်ရွာကြားရှိတောင်ကုန်းအောက်ခြေသို့ စုစည်းပုန်းအောင်းနေခဲ့ကြပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့မှာတော့ လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးသွားကြတဲ့ စစ်သား ၁၀၀ ကျော်ကို MNDAA တပ်တွေက တွေ့ရှိပြီး ပစ်ခတ်ရှင်းလင်းတာမို့ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ထွက် ပြေး ကြတဲ့ စစ်သား ၁၀၀ ကျော်ထဲမှာ ဘယ်သူမှ အသက်မရှင်တော့ဘဲ လမ်းဘေးမှာ ခွေးသေ ဝက်သေ သေကြရပါတယ်။

ဒီဖြစ်စဉ် နှစ်ခုကို ကြည့်ရင် လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးသူတွေဟာ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေက သူတို့ကို လာကယ်မှာပဲ ဆိုတဲ့ အကြမ်း ဖက်စစ်ခေါင်း ဆောင်တွေအပေါ် ယုံကြည်မှု လွန်ကဲခဲ့ကြပါတယ်။ လက်တွေ့မှာတော့ အကြမ်းဖက်စစ်ခေါင်းဆောင်က သူတို့ လာမကယ်နိုင်တဲ့အပြင် သူတို့ဘ၀တွေဟာ တောထဲ လမ်းတွေပေါ်မှာ ခွေးသေ ဝက်သေ ပစ်ခတ်နှိမ်နင်းခံလိုက်ရပါတယ်။

မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေရဲ့ လက်အောက်ငယ်သားအပေါ်ညှာတာ ကယ် ဆယ်ခြင်းမရှိဘဲ လက်လွတ်စပယ် စွန့်ပစ်ခဲ့တယ်ဆိုတာ ခလရ ၁၂၅ မှ ထွက် ပြေးကြရင်း သေဆုံးသွားကြတဲ့ စစ်သား ၁၀၀ ကျော်က သက်သေပြနေပါတယ်။

MNDAA ထံ လက်နက်ချ အလံဖြူထောင်ခဲ့ကြတဲ့ ခလရ ၁၂၅ မှ အင်အား ၂၇၂ ဦးကတော့ အခုအချိန်အထိ အသက်ရှင်ခွင့်ရကြပြီး အေးဆေးစွာနဲ့ပဲ ဘ၀ကို ဆက်လက် ဖြတ်သန်းနေကြပါတယ်။ အာဏာရူး မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေအောက်မှာလည်း ဆက်လက် တာဝန်ထမ်းဆောင် စရာမလိုတော့ဘဲ လွတ်လပ်တဲ့ လူ့ဘ၀ အရသာကို သူတို့ ခံစားခွင့်ရရှိနေကြပြီဖြစ်ပါတယ်။

လက်ရှိ စစ်တပ်ထဲမှာ ရှိနေကြတဲ့ အကြမ်းဖက်စစ်သားတွေအနေနဲ့ ခလရ ၁၂၅ မှ အလင်းဝင်သူနဲ့ အလင်းမဝင်သူတွေနဲ့ ဖြစ်ရပ်တွေကို နှိုင်းယှဉ်ပြီး သင်ခန်းစာယူကြဖို့လိုပါတယ်။

ပြည်သူမထောက်ခံတဲ့ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေအတွက် အသေခံမလား၊ ပြည်သူလူထုကလည်းကြည်ဖြူ၊ စစ်သားဘ၀ဆိုးကလည်း လွတ် မြောက်နိုင်တဲ့ အလံဖြူထောင် အလင်းဝင်မလား ဆိုတဲ့ လမ်းနှစ်သွယ်မှ‌ြ ကြိုက်ရာလမ်းကို ဆုံးဖြတ်ရွေးချယ်ရတော့မယ် အချိန်ဖြစ်ပါတယ်။

ရှေ့မှာတော့ ခလရ ၁၂၅ မှ သေဆုံးသွားကြသူတွေနဲ့ အသက်ဘေးချမ်းသာရ လွတ်မြောက်သွားကြသူတွေရဲ့ မတူညီတဲ့ ဖြစ်ရပ်နှစ်ခုကို နှိုင်းယှဉ် ချိန်ဆ ဆုံး ဖြတ်သင့်တဲ့အချိန်လည်းဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခုက ကိုယ့်ဘ၀နဲ့ ကိုယ့်ကို မှီခိုနေတဲ့ မိသားစု တစ်ခုလုံးရဲ့ ဘ၀ဆိုတာကို စစ်သားတိုင်းနားလည်ကြပြီး အမြင်မှန်ရဖို့လည်း လိုအပ်ပါတယ်။

ဒီအချိန်မှာ အလံဖြူထောင် အလင်းမဝင်ရင်တော့ အကြမ်းဖက်စစ်တပ် လက် အောက်ခံ စစ်သားတွေအားလုံးဆီကို မရဏ သေမင်းက မလွဲမသေ အနှေးနဲ့ အမြန် ရောက်ရှိလာပြီး အသေဆိုးနဲ့ ဘ၀ နိဂုံးချုပ်ရမှာက အသေအချာဖြစ်ပါတယ်။

ဓာတ်ပုံ- ခလရ ၁၂၅ မှ အလံဖြူထောင် အလင်းဝင်၍ အသက်ချမ်းသာရသူများနှင့် အညံ့မခံဘဲ ထွက်ပြေး၍ သေဆုံးနေကြရသော စစ်သားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article