25 C
Yangon

MNDAA က သေဆုံးသူ ဗိုလ်မှူးချုပ် အောင်ဇော်လင်း၏ အလောင်းကို စစ်ကောင်စီထံ ပြန်လည်လွှဲပေးလိုသော်လည်း အကြမ်းဖက် ဇော်မင်းထွန်းက မသေဘူးဟု ဗြောင်လိမ်ပြန်

Must read

MNDAA က သေဆုံးသူ ဗိုလ်မှူးချုပ် အောင်ဇော်လင်း၏ အလောင်းကို စစ်ကောင်စီထံ ပြန်လည်လွှဲပေးလိုသော်လည်း အကြမ်းဖက် ဇော်မင်းထွန်းက မသေဘူးဟု ဗြောင်လိမ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်၊ နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံးသွားပြီး အလောင်းကို MNDAA က စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းလိုသော်လည်း စစ်တပ်က အကြောင်းပြန်ခြင်း မရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

MNDAA က ကိုးကန့်ဒေသတွင် ပုန်းအောင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်နှိမ်နင်းလျက်ရှိရာ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ၊ ဒီဇင်ဘာလ ၆ ရက်နေ့ စစ်ကောင်စီတပ်ဘက်မှ အကြွင်းအကျန်အဖွဲ့ဝင်များကို MNDAA က ဆက်လက်ရှင်းလင်းရာ ပစ်သတ်ခံရပြီး သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ရုပ်အ‌လောင်းတစ်လောင်းတွေ့ရှိရကြောင်း၊ ၎င်း‌‌‌ရုပ် အလောင်း ပေါ်တွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကိုတွေ့ရှိကာ သေဆုံးသွားသူမှာ စကခ ၁၂ မှ စကခမှူး အောင်ဇော်လင်းဖြစ် သည်ကို အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

MNDAAပြောရေးဆိုခွင့်ရှိသူက “မိမိတို့ဘက်မှ အောင်ဇော်လင်း၏အလောင်းကို စကစထံ ပြန်ပို့လိုသောဆန္ဒရှိပါသည်။ လက်ရှိသက်ဆိုင်ရာဌာနနှင့်ဆက်သွယ်သော်လည်းအကြောင်းပြန်ခြင်းမရှိသေးပါ”ဟု သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသည့် တပ်မမှူးတစ်ယောက် အသေရရှိသည်ဟု သတင်းလွှင့်နေကြောင်း၊ တပ်မမှူးသည် ရှေ့တန်းစစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း ပြောဆိုပြီး အလောင်းထုတ်ပြထားသည့် ဗိုလ်မှူးချုပ် အောင်ဇော်လင်း၏ သေဆုံးမှုကို မသေဆုံးဟု ဗြောင်လိမ်ပြောဆို သတင်းထုတ်ပြန်သည်။

“ သူတို့ပြောနေတဲ့ တပ်မမှူးဆိုသူဟာ ရှေ့တန်းမှာ စစ်ဆင်ရေးတာ ဝန်တွေကို ထမ်းဆောင်လျက်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု အကြမ်းဖက်ဇော်မင်းထွန်းက ပြောဆိုသည်။

ဗိုလ်မှူးချုပ်အောင်ဇော်လင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်းဖြစ်ပြီး သေဆုံးချိန်တွင် ဇနီးနှင့်သားသမီးများကျန်ရစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article