25 C
Yangon

သွေးပျက် ထိတ်လန့်နေတဲ့ စစ်ကောင်စီက တပ်ရင်းတပ်ဖွဲ့တွေကို တော် လှန်ရေး တပ်တွေ မသိမ်းယူနိုင်ရေး ခုခံစစ်ဆိုင်ရာ လျှို့ဝှက် ညွှန် ကြားချက်တွေ ဆက်တိုက် ထုတ်နေ

Must read

သွေးပျက် ထိတ်လန့်နေတဲ့ စစ်ကောင်စီက တပ်ရင်းတပ်ဖွဲ့တွေကို တော် လှန်ရေး တပ်တွေ မသိမ်းယူနိုင်ရေး ခုခံစစ်ဆိုင်ရာ လျှို့ဝှက် ညွှန် ကြားချက်တွေ ဆက်တိုက် ထုတ်နေ

■ မိုင်းထောင်ခြင်း၊ ကင်းပုန်းဝပ်ခြင်း၊ လမ်းကြောင်းမသုံးရန်၊ သတင်းပေါက်ကြားမှု မရှိစေရေး ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြား

ရန်ကုန်၊ ဒီဇင်ဘာ ၈

အကြမ်းဖက်စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ တပ်ရင်းတပ်ဖွဲ့များ တော်လှန်ရေးတပ်များ၏ လက်အောက်သို့ ကျဆုံးမှု မရှိစေရေး ဆောင်ရွက်ရန် အတွက်ညွှန်ကြားချက်များ ထုတ်ပြန်လျက်ရှိရာ ခုခံစစ်အတွက် စခန်းအတွင်း မိုင်းထောင်ခြင်း၊ ကင်းပုန်းဝပ်ခြင်းနှင့် လမ်းကြောင်းမသုံးရန်၊ သတင်းပေါက်ကြားမှု မရှိစေရေး ဆောင်ရွက်ရန်တို့ကို လျှို့ဝှက် ညွှန်ကြားထားကြောင်း စစ်တပ်သတင်းရင်းမြစ်များ ထံမှ သိရှိရသည်။

စစ်ကောင်စီ၏ လှုပ်ရှားစစ်ကြောင်းများအနေဖြင့် စခန်းအတွင်း အခြေပြုနေထိုင်ခြင်းမပြုဘဲ စခန်းဝန်းကျင်တစ်၀ိုက် နယ်မြေစိုးမိုးရေး ဆောင်ရွက်၍ စခန်း ပြင်ပတွင် အခြေပြုနေထိုင်ရန်၊ စခန်းတွင် မိုင်းထောင်ထားရှိမှုအနေဖြင့် မြေပြင်တွင် အမှန်တကယ် မိုင်းများ ထောင်ထားရန်၊ မိုင်းထောင်ထားရန် ညွှန်ကြားချက်ကို မလိုက်နာသည့် တာဝန်ရှိသူအဆင့်ဆင့်ကို အရေးယူဆောင်ရွက်သွားရန် ညွှန်ကြားထားသည်။

ထို့ပြင် ကင်းပုန်းဝပ် ဆောင်ရွက်ရာတွင် စစ်တပ်ဘက်မှ အကျိုးအမြတ် ရရှိစေရန် သတင်းပေါက်ကြားမှု မရှီစေရေး အလေးထား လိုက်နာဆောင်ရွက်သွားရန်၊ လှုပ်ရှားစစ်ကြောင်းများ နယ်မြေရှင်းလင်းဆောင်ရွက်ရာတွင် လမ်း ကြောင်း လုံး(လုံး၀) မသုံးရန်တို့ကို ညွှန်ကြားထားသည်။

ထို့အတူ စစ်တပ် တပ်ရင်းတပ်ဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့များက ချောင်း မြောင်းပစ်ခတ်မှုများ မရှိစေရန်အတွက် ကင်းပုန်းဝပ်ခြင်းများကို မိမိတပ်မှလွဲ၍ မည်သူမှ မသိအောင် ဆောင်ရွက်ရန်၊ PDF က မိမိနေရာသိရှိ၍ လာရောက်ပစ်ခတ်သည့်အတွက် စစ်နည်းဗျူဟာမြောက် လှုပ်ရှားဆောင်ရွက်တတ်စေရေး တပ်များကို လေ့ကျင့်ပေးရန်၊ ကင်းပုန်းဝပ်ပြီး PDF များကို လက်ဦးမှု ရယူချေမှုန်းနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်တို့ကို ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article