27 C
Yangon

စစ်ကောင်စီက NUG နှင့်တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများ စုံစမ်းရန် အထူးလျှို့ဝှက် တပ်သားများ ကို လျှို့ဝှက် ခေါ်ယူလေ့ကျင့် စေလွှတ်မည်

Must read

စစ်ကောင်စီက NUG နှင့်တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများ စုံစမ်းရန် အထူးလျှို့ဝှက် တပ်သားများ ကို လျှို့ဝှက် ခေါ်ယူလေ့ကျင့် စေလွှတ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

အကြမ်းဖက်စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းရန်အတွက် အထူးလျှို့ဝှက်တပ်သားများ လျှို့ဝှက်ခေါ်ယူပြီး လေ့ကျင့်ကာ ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့များအတွင်းသို့ စေလွှတ်မည်ဖြစ် ကြောင်း သိရှိရသည်။

NUG နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းသိရှိနိုင်စေရေး၊ ဖြစ်စဉ်များနှင့်ပတ်သက်၍ မိမိတို့ဘက်မှ လက်ဦးမှု ရရှိရေး၊ အသာစီးရရှိရေး၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်မှုရရှိရေးနှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်စေရေးအတွက် အထူးလျှို့ဝှက် တပ်သားများ စေလွှတ်ရန် ခေါ်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။

အထူးလျှို့ဝှက်တပ်သားများအဖြစ် အရည်အချင်းသတ်မှတ် ထားရာ မျက်စိကောင်းသူ၊ တိုင်းရင်းသားဘာသာစကားတတ်သူ(သို့မဟုတ်) နိုင်ငံခြားဘာသာစကားတတ်မြောက်သူ၊ အရေးကြီးသော ညွှန်ကြားချက်များအား တိကျစွာ နာခံနိုင်ရန်၊ လျှို့ဝှက်အား ထိန်းသိမ်းစွာ ဆောင်ရွက်နိုင်သူ၊ စစ်ရေး အောင်မြင်လိုစိတ်ရှိသူ၊ တိုင်းပြည်နှင့်လူမျိုးအတွက် စဉ်းစား စွန့်လွှတ်နိုင်သူ ဟူသည့် အရည်အချင်း သတ်မှတ်ချက် များရှိကြောင်း စစ်ကောင်စီ၏ လျှို့ဝှက် ညွှန်ကြားချက်အရ သိရှိရသည်။

အထူးလျှို့ဝှက်တပ်သားများကို စစ်ကောင်စီက ပြည့်စုံစွာ ထောက်ပံ့သွားမည်ဖြစ်ပြီး အထူးလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရည်အချင်း ကိုက်ညီသော တပ်သားများကို ဒီဇင်ဘာလ ၁၅ ရက်နေ့ အရောက် နေပြည် တော်တိုင်းစစ်ဌာနချုပ် စေလွှတ်ပေးပို့ရမည်ဟု ညွှန်ကြားချက်က ဆိုသည်။

ရန်ကုန်ခေတ်သစ်၏ ပြည်ထဲရေး သတင်းရင်းမြစ်ကမူ လက်ရှိ တော်လှန်ရေး ၃ နှစ်တာကာလအတွင်း စစ်တပ်အတွက် မြေပြင်တွင် သတင်းပေးမည့် သတင်းပေးများ မရှိတော့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များက ဒလန်ရှင်းလင်းရေး လုပ်ဆောင်သဖြင့် စစ်တပ်အတွက် သတင်းပေးသည့် အရင်းအမြစ်များအားလုံး ဆုံးရှုံးခဲ့ရကြောင်း သုံးသပ်ပြောဆိုသည်။

“ဒလန်ရှင်းလင်းရေးကြောင့် စစ်တပ်ကို ဘယ်သူမှ သတင်းမပေးရဲတော့ဘူး။ နယ်မြေခံ သတင်းပေးမရှိရင် ဘယ်လိုစစ်ဆင်ရေးမှ မအောင်မြင်နိုင်ဘူး။ သတင်းပေးက အရေးကြီးပါတယ်” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article