34 C
Yangon

ပလက်၀မြို့နယ်ရှိ နှုံးဘူးဗျူဟာကို AA က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ၏ တရွန်အိုင် ဗျူဟာနှင့် နှုံးဘူးဗျူဟာ စခန်း ၂ ခုစလုံးကို AA က တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်

Must read

ပလက်၀မြို့နယ်ရှိ နှုံးဘူးဗျူဟာကို AA က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ၏ တရွန်အိုင် ဗျူဟာနှင့် နှုံးဘူးဗျူဟာ စခန်း ၂ ခုစလုံးကို AA က တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်

■ နှုံးဘူးဗျူဟာမှူး အလောင်း အပါအဝင် စစ်သားအလောင်းတချို့နှင့် လက်နက်ခဲယမ်းများ ရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ရှိ နှုံးဘူးဗျူဟာကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ရာ ပလက်၀မြို့နယ်ရှိ စစ်ကောင်စီ၏ တရွန်အိုင် ဗျူဟာနှင့် နှုံးဘူးဗျူဟာ စခန်း ၂ ခုစလုံးကို AA က တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

ရက္ခိုင့်တပ်‌တော် (AA) သည် ပလက်ဝမြိုနယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင် အမာစခန်းချထားသော ဗျူဟာကုန်း (၂) ခု ဖြစ်သည့် “တရွန်အိုင်ဗျူဟာ” နှင့် “နှုံးဘူးဗျူဟာ” စခန်းနှစ်ခုစလုံးတို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့၌ ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး “တရွန်အိုင်ဗျူဟာ” ကုန်းတစ်ခုလုံးအား ထိုးစစ် ၂၁ ရက်အကြာ၊ ဒီဇင်ဘာလ ၄ ရက်နေ့၌ အပြီးသတ် သိမ်းပိုက် ရယူနိုင်ခဲ့ကြောင်း၊ “နှုံးဘူးဗျူဟာ” ကိုမူ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ကြောင်း၊ နှုံးဘူးဗျူဟာကို နိုဝင်ဘာလ ၁၄ ရက်၊ နံနက် ၉ နာရီ ၂၅ မိနစ်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိုးစစ် (၂၇) ရက်မြောက်အကြာမှ ဗျူဟာကုန်းတစ်ခုလုံးကို သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရခိုင်တပ်တော်က တစ်ရက်မျှရပ်နားခဲ့ခြင်းမရှိသော ထိုးစစ်ကို စစ်ကောင်စီက လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း မိမိတို့က ၎င်းဗျူဟာကုန်းစခန်းကို မရရအောင် အပြင်းအထန်တိုက်ခိုက်ခြင်းဖြစုကြောင်း၊ “နှုံးဘူး” ဗျူဟာမှူး အလောင်းအပါအဝင် စစ်သားအလောင်းအချို့၊ လက်နက်ခဲယမ်းအမြောက်အမြားတိုအား သိမ်းဆည်းရမိခဲ့ကြောင်း၊ AA ဘက်မှလည်း ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရှိရသည်။

ထိုအပြင် တစ်ပိုင်းတစ်စ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စခန်းများကိုလည်း ဆက်လက် သိမ်းပိုက်ရယူနိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့ကြောင်း သိရှိရသည်။

အလားတူ ပေါက်တောမြိုတွင်းတိုက်ပွဲမှာ ယခင်ရက်များနည်းတူ ပုံမှန်ဆက် လက်ဖြစ်ပွားလျက်ရှိကြောင်း၊ အခြားတစ်ဘက်တွင် ထွက်ပြေးလွတ်မြောက်နေသော စစ်သားများထဲမှ တချို့က လာရောက်တိုက်ခိုက်သောကြောင့် နေရာအချိုတွင် ရင်ဆိုင်ထိတွေ့ တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၁ ရက်၊ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် အမ်းမြိုနယ်အတွင်းရှိ စစ်ကောင်စီ၏ ကဇူးကိုင်း၊ “တောဟိန်းတောင်”ဗျူဟာမှ အမ်းမြိုနယ်၊ တဲဖျားရွာအနီးသိုလည်းကောင်း၊ ညနေ ၇ နာရီ (၅၆) မိနစ် အချိန်ခန့်တွင် အမ်းမြိုနယ်၊ ဒလက်ချောင်းအတွင်းရှိ စစ်ကောင်စီ စခန်းကုန်းတစ်ခုက အမ်းမြိုနယ်၊ သက်ချောင်းဘုရား အနောက်တောင်ဘက် တောင်တန်းရှိ ရက္ခိုင့်တပ်တော်၊ တပ်ဖွဲဝင်များရှိရာ နေရာသိုလည်းကောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article