26 C
Yangon

နမ္မတူ၊ ကွတ်ခိုင်နှင့် ကျောက်မဲတို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို ပစ်မှတ်ထား၍ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေ

Must read

နမ္မတူ၊ ကွတ်ခိုင်နှင့် ကျောက်မဲတို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို ပစ်မှတ်ထား၍ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ပစ်မှတ်ထား၍ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် နမ္မတူမြို့ရှိ အကြမ်းဖက် စစ်တပ် စခန်းတွင် စစ်ကောင်စီတပ်သားများနှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်နှင့် ညနေ ၄ နာရီ ၂၃ မိနစ်တွင် ကွတ်ခိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စခန်းနှင့် ကျောက်မဲမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မိုင်းငေါ့တပ်စခန်းတို့တွင် စစ်ကောင်စီ တပ်သားများနှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကျောက်မဲမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မိုင်းငေါ့တပ်စခန်းမှ နမ့်တွေကျေးရွာ၊ မာမို့ကျေးရွာကို လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကွတ်ခိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်စခန်းက တုံဆင်ကြီးကျေးရွာကို လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၆၈ ဂိတ်တပ်မှ မန်ပိန်းကျေးရွာကို အတွဲလိုက် ဒုံးကျည်များဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ်၊ ခိုဖိတ်ကျေးရွာ အနီးတဝိုက်နှင့် လားရှိုးမြို့နယ်၊ မိုင်းလိုင်ကျေးရွာ၊ ဂျာယာန်ကျေးရွာ တို့ကို အကြမ်းဖက် စစ်တပ်က Y12 လေယာဥ်ဖြင့် ၃ ကြိမ်၊ Jet Fighter ဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article