29 C
Yangon

မိုင်းငေါ့မြို့ရှိ နမ့်တွေရွာဘက်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေပြီး ဖုန်းလိုင်းများ ဖြတ်တောက်ထား၊ နတ်သံကွင်းမြို့ကိုလည်း စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်နေ

Must read

မိုင်းငေါ့မြို့ရှိ နမ့်တွေရွာဘက်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေပြီး ဖုန်းလိုင်းများ ဖြတ်တောက်ထား၊ နတ်သံကွင်းမြို့ကိုလည်း စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ရှိ နမ့်တွေရွာဘက်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေပြီး ဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က မိုင်းငေါ့မြို့ရှိ နမ့်တွေရွာဘက်ကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေပြီး ဖုန်းလိုင်းများ ဖြတ်တောက်ထား​ကာ အခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“မိုင်းငေါ့မြို့ နမ့်တွေကျေးရွာဘက်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကျဲသွားပြီး ဒီနေ့ မွန်းလွဲ ၂ နာရီခွဲလောက်က မီးခိုးတွေကတော့ အူနေတာဘဲ မိုင်းငေါ့မာက ဖုန်းလိုင်းပြတ်နေတော့ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသပြည်သူများကပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို အကြမ်းဖက် စစ်တပ်က လေယာဥ် ၃ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့​ပြီး ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်းသိရသည်။

” ပြည်သူတွေထိခိုက်မှုတော့ မသိရသေးဘူး ညနေ ၃ နာရီ ၂၀ မိနစ်လောက်က စစ်တပ်က နတ် သံကွင်းမြို့ကို စစ်တပ်က လေယဥ် ၃ စီးနဲ့လာပစ်နေတာ” ဟု ဒေသပြည်သူများကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article