27 C
Yangon

NUG က ကျားဖြန့် အွန်လိုင်း လိမ်လည်မှု၊ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုခင်းများကို တရုတ်နိုင်ငံ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍ တိုက်ဖျက်သွားမည်ဟုဆို

Must read

NUG က ကျားဖြန့် အွန်လိုင်း လိမ်လည်မှု၊ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုခင်းများကို တရုတ်နိုင်ငံ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍ တိုက်ဖျက်သွားမည်ဟုဆို

■ NUG က တရုတ်နိုင်ငံဆိုင်ရာ သဘောထားများ ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၂

အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ကျားဖြန့် အွန်လိုင်း လိမ်လည်မှု၊ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုခင်းများကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူး ပေါင်း၍ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ယမန်နေ့ တရားဝင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUGက တရုတ်နိုင်ငံပတ်သက်၍ သဘောထားထုတ်ပြန်ချက်တွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေး နှင့် လုံခြုံရေးသာမက ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုပါ ထိခိုက်စေသည့် ကျားဖြန့် အွန်လိုင်း လိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုခင်းများကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

တရုတ်နိုင်ငံနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူကို ဗဟိုပြုသည့် စံတန်ဖိုးများကို ဖော်ဆောင်သော ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရန် ရည်မှန်းထားသည်နှင့်အညီ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ် လိုက်နာကျင့်သုံးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် နှစ်နိုင်ငံအကြား သမိုင်းကြောင်း အရ အလွန်ခိုင်မာ၍ နီးကပ်သည့်ဆက်နွှယ်မှု အစဉ်အလာများရှိသည်သာမက တရုတ်နိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအတွက် အထူးအရေးပါသည့်နိုင်ငံဖြစ်သည်ဟု ခံယူကြောင်း NUG က ဆိုသည်။

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် နယ်နိမိတ်အားဖြင့် ကီလိုမီတာ နှစ်ထောင်ကျော် ထိစပ်လျက်ရှိပြီး၊ ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲ နေထိုင်သွားရမည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား စစ်မှန်သည့် “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း ဖြစ်ရေး မြန်မာနိုင်ငံက အမြဲ ကြိုးပမ်း၊ ရပ်တည်မည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမည်ဖြစ်ကြောင်း၊ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံကြား ပြည်သူနှင့်ပြည်သူ ဆက်ဆံရေးကို အလေးထားလျက် အပြန်အလှန် ချစ်ကြည်မှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အစွမ်းကုန် မြှင့်တင်၊ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား လူမှုစီးပွားအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်သဖြင့် ထိန်းသိမ်း၊ မြှင့်တင်၊ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG က ဆိုသည်။

နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားဖြစ်ထွန်းရေးကိုမျှော်ရည်လျှက် မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားလူမှုစီးပွားလုပ်ငန်းများ၏ လုံခြုံရေး ကို ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေသည့် မည်သည့် အဖွဲ့ အစည်းကိုမျှ မြန်မာ့ပိုင်နက်အတွင်း အခြေချခွင့်မပြုကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုစာချုပ်များ အပါအဝင် နှစ်နိုင်ငံကြား သဘောတူချုပ်ဆိုခဲ့သည့် စာချုပ်များအားလုံးကို မြန်မာနိုင်ငံမှ တာဝန်ယူ ဆက်ခံမည်ဟု NUG ကတိပြုထားသည်။

ဓာတ်ပုံ- NLD အစိုးရလက်ထက် တရုတ်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article