ပခုက္ကူမြို့လယ်ရှိ စစ်တပ်ပိုင် အင်း၀ဘဏ်စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၅
မကွေးတိုင်း၊ ပခုက္ကူမြို့လယ်ရှိ စစ်တပ်ပိုင် အင်း၀ဘဏ်စောင့် စစ်ကောင်စီတပ် ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၃ ဦးသေ ဆုံးကြောင်း Special Guerrilla Force(SGF-Pakokku) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ပခုက္ကူမြို့လယ်ရှိ စစ်တပ်ပိုင် အင်းဝဘဏ်ကို ဒရုန်းဖြင့် ဗုံးသီးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါဘဏ်ကို စောင့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ကျနော်တို့ ဗုံးကျဲအပြီးမှာ စစ်တပ်နဲ့ရဲတွေက လမ်းတွေပိတ်၊ စစ်ဆေးတာတွေ ၁ နာရီပါး လုပ်ဆောင်ခဲ့ပါတယ်။ ဘဏ်စောင့် စစ်သား ၃ ဦးသေတယ်။ ဒါ့အပြင် အင်းဝဘဏ်ဘေးက စတိုးဆိုင်မှန်တွေ ထိခိုက်ပါတယ်”ဟု Special Guerrilla Force(SGF-Pakokku) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ဓာတ်ပုံ- စစ်တပ်ပိုင် အင်း၀ဘဏ်တစ်ခု။