32 C
Yangon

မင်္ဂလာဒုံမြို့မရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်

Must read

မင်္ဂလာဒုံမြို့မရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့မရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူကာကွယ်ရေး ၂/ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၇ နာရီ ၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူကာကွယ်ရေး ၂/ တပ်ခွဲ ၂ က အားပြင်းသော မိုင်းဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများ အထိအခိုက်ရှိနိုင်ကြောင်း သိရသည်။

” ဒီနေ့ ၁၀ ရက်နေ့ ည ၇ နာရီ ၅ မိနစ်လောက်က မင်္ဂလာဒုံမြို့မရဲစခန်းကို အားပြင်းတဲ့ မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်။ ရဲခွေးတွေ အထိအခိုက်ရှိနိုင်ပါတယ်”ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူကာကွယ်ရေး ၂/ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article