37 C
Yangon

ကလေး၀မြို့နယ်တွင် စစ်သား ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်

Must read

ကလေး၀မြို့နယ်တွင် စစ်သား ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ကလေး၀မြို့နယ်တွင် စစ်သား ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့ကြောင်း ကလေး၀ PDF က ထုတ်ပြန်ထားသည်။

ကလေးဝမြို့နယ်၊ မဟာမြိုင်ဒေသ၊ သက္ကယ်ကျင်းအုပ်စု၊ ဆင်အိုင်မပျူစောထီးကျေးရွာ၌ တပ်စွဲနေထိုင်သော စစ်သား ၁ ဦးသည် MA သေနတ် ၁ လက်နဲ့အတူ ခဲယမ်းပစ္စည်းများ ယူဆောင်လာပြီး အလင်း၀င်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်လာသော စစ်သားကို ကလေး၀ PDF တပ်ဖွဲ့က ဂုဏ်ပြုထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ပေးအပ်ခဲ့ပြီး လက်နက် ခဲယမ်းတွေနဲ့အတူ အချိန်မှီ အလင်း၀င်လိုသော စစ်ကောင်စီ တပ်သားများကိုလည်း ဆက်လက်ကြိုဆိုနေကြောင်း ကလေး၀ PDF က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article