36 C
Yangon

ဆောမြို့မ ရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦး လက်နက်ပါ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၆၀ ချီးမြှင့်

Must read

ဆောမြို့မ ရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦး လက်နက်ပါ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၆၀ ချီးမြှင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

မကွေးတိုင်း၊ ဆောမြို့မ ရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦး လက်နက်ပါ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်း ထံမှ သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဆောမြို့နယ်၊ ဆောမြို့မရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦးသည် အမှတ် ၁ စစ်ဒေသ ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်းထံ လက်နက် အပြည့်အစုံဖြင့် မိသားစုနှင့် အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပြည်သူနှင့် အတူ ပူးပေါင်း ပါဝင် အလင်းဝင်ရောက်ခဲ့သည့်အတွက် ဂန်ဂေါခရိုင်၊ ဆောမြို့နယ်၊ ဆောမြို့နေပြည်သူများနှင့် ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်း SAW-PDF မှ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဆုငွေသိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article