28 C
Yangon

ပေါက်မြို့နယ်၊ မုန်တောရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁ ဦး စိုးရိမ်ရ

Must read

ပေါက်မြို့နယ်၊ မုန်တောရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁ ဦး စိုးရိမ်ရ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မုန်တောရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁ ဦး စိုးရိမ်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပေါက်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၂၄ ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မုန်တောကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာနေ ကလေးငယ် ၂ ဦး လက်နက်ကြီး ထိမှန်ကာ တစ်ဦးမှာ နေရာတွင်‌ သေဆုံးပြီး ကျန်တစ်ဦးမှာ ညာဘက်ခြေထောက်စိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်သေဆုံးသွားသည့် ကလေးငယ်မှာ အသက် ၈ နှစ်အရွယ် မောင်ဆောင်းသူရဖြိုး ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသွားသော ကလေးငယ်မှာ အသက် ၁၁ နှစ်အရွယ် မောင်ထက်သာလွင်မင်း ဖြစ်ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ပေါက်မြို့နယ် #အကြမ်းဖက်စစ်တပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article