36 C
Yangon

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ထွက်ပြေးလာသော ပျူစောထီး ၅ ဦး ပုလဲမြို့နယ် ပအဖထံ အလင်းဝင်

Must read

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ထွက်ပြေးလာသော ပျူစောထီး ၅ ဦး ပုလဲမြို့နယ် ပအဖထံ အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ပျူစောထီး ၅ ဦး ထွက်ပြေးလာပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လွန်ခဲ့သည့် ၂ ရက်ခန့်က ပျူစောထီးသားအမိနှစ်ဦး၊ လွန်ခဲ့သော တစ်ပတ်ခန့်က ပျူစောထီး သား အဖ နှစ်ဦးနှင့် မင်းတိုင်ပင်ကျေးရွာ ပြည်သူ့တရားရုံး ဗုံးကျဲခံရစဉ်က အသက်ရှင်ကျန်ရစ်သူ ပျူစော ထီးတစ်ဦးဖြစ်ပြီး ပုလဲမြို့နယ် ပြည်သူ့အုပ်‌ချုပ်ရေး အဖွဲ့က မိုးကာ ၃ ချပ် နှင့် ထောက်ပံငွေ တစ် သိန်း ကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် သွားရောက် ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သားအမိနှစ်ယောက်ကတော့ လွန်ခဲ့တဲ့ ၂ ရက်လောက်က ထွက်လာတာ၊ အဲဒီအထဲမှာပါတဲ့ သားအဖနှစ်ယောက်တော့ ၂ ပတ်လောက်ရှိပြီ ထွက်လာတာ၊ မင်းတိုင်ပင် တရားရေးရုံးမှာ ဗုံးကျဲ တုန်းက အသက်ရှင်ကျန်ခဲ့တဲ့ ပျူတစ်ယောက်ရယ်ပေါ့၊ သူ့မိန်းမနဲ့ ကလေးက ဆုံးသွားတယ်လေ၊ ကျနော်တို့သတင်းတင်လိုက်သေးတယ်၊ အဲဒါတွေပေါင်းပြီးတော့ ထောက်ပံ့ငွေပေးလိုက်တာပေါ့၊ မနေ့က သွားပေးလိုက်တာ၊ အရင်ရက်တွေတုန်းက ဒီဘက်မှာ စစ်ကြောင်းကလည်း အဆက်မပြတ်ရှိ နေတာဆိုတော့” ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇီးဖြူကုန်းကျေးရွာမှ ထွက်ပြေးလာပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံခွင့်တောင်းခံခဲ့သူ ပျူစောထီး ၅ ဦးကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နွေးထွေးစွာကြိုဆိုပြီး လိုအပ်သည့် အချက်အလက်များကို စစ်ဆေးမေးမြန်းကာ အေးချမ်းစွာနေထိုင်ရန်၊ အကြမ်းဖက်စစ်ကောင်စီ၊ ပျူစောထီးများနှင့်(လုံးဝ) ပတ်သက်ဆက်သွယ်ခြင်းမပြုရန်၊ နွေဦးတော်လှန်ရေးနှင့် ပြည်သူလူထုကို ထိခိုက်စေသော အပြော အဆို၊ အပြုအမူများ မပြုလုပ်ရန်နှင့် ပြုလုပ်မိပါက ပြင်းထန်သောအပြစ်ပေးအရေးယူခြင်းကို ခံရ မည်ကို ခံဝန်ကတိလက်မှတ်ရေထိုးစေခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန် ထားသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ပုလဲမြို့နယ် #ပျူစောထီး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article