37 C
Yangon

ပုသိမ်မြို့နယ် ပကဖ အဖွဲ့ထံ စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်

Must read

ပုသိမ်မြို့နယ် ပကဖ အဖွဲ့ထံ စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ) ထံ အကြမ်းဖက် စစ်‌ကောင်စီ တပ်သား ၁ ဦး အလင်းဝင်ရောက် လာကြောင်း ပုသိမ်မြို့နယ် ပကဖ သတင်းပြန်ကြားရေးထံမှ သိရသည်။

သထုံမြို့ ခမရ ၉ တပ်ရင်း၊ လေကျင့်ရေး ၉ တွင် တာဝန်ထမ်း‌‌ဆောင်ခဲ့သော အကြမ်းဖက် စစ်‌ကောင်စီလက်အောက်ခံ တပ်သားတစ်ဦးသည် ပုသိမ်မြို့နယ် ပကဖ အဖွဲ့ထံ အလင်းဝင်လာသောကြောင့် မြို့နယ် ပကဖ တာဝန်ခံ ရဲဘော် ကိုစစ်က ဂုဏ်ပြုဆုငွေ သုံးသိန်းခွဲကျပ် သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အလင်းဝင်လာသော စစ်ကောင်စီ တပ်သားကို CDM နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ လတ်တလောနေထိုင်ရေး၊ စားသောက်ရေး အခြားလိုအပ်သည့် အရာများပါ ဆောင်ရွက်ပေးထားကြောင်း ပုသိမ် မြို့နယ် ပကဖ သတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #CDM #စစ်ကောင်စီ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article