30 C
Yangon

ငါန်းဇွန်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ် သား ၅ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရက္ခဒီပကျေးရွာသို့ စစ်ကြာင်းထိုးလာသော စစ်ကောင်စီတပ်သား များကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ငါးဇွန်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ -ငါန်းဇွန် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် အင်အား ၉၀ ခန့်ဖြင့် စစ် ကြောင်း ၃ ကြောင်းခွဲကာ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ရက္ခဒီပ ကျေး ရွာအနီးအရောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြား ဖြတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်း ဖက်စစ်သား ၅ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ငါးဇွန်ကနေ ကားနှစ်စီး၊ စစ်ကြောင်း ၂ ကြောင်းဝင်ကူတယ်၊ အင်အား စုစုပေါင်း ၉၀ လောက်ရှိမှာ၊ စစ်ကြောင်း ၃ ကြောင်း တစ်ကြောင်းကိုအင်အား ၃၀ နဲ့ပါ၊ လက်ရှိတော့ သူတို့အထိုင်ချထားတဲ့နေရာတွေမှာပဲရှိတယ်၊ ကျနော်တို့ ငါန်းဇွန်ပကဖကနေပြုလုပ်နေတဲ့ အောင်ပန်းဝေဝေ ငါန်းဇွန်မြေ ကမ်ပိန်း လေးက ၇ ရာခိုင် နှုန်း ပဲ ရရှိထားပါသေးတယ်၊ ပြည်သူတွေ ပူးပေါင်းပါဝင်မှာ အောင်မြင်မှာမို့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ငါးဇွန်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ – ငါန်းဇွန်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာတွင် ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (ငါန်းဇွန်မြို့ နယ် ပကဖ)၊ မန္တ လေး ခရိုင် တပ်ရင်း ၅၊ ငါန်းဇွန် ဇာမနည် ပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၆ ၊ငါန်း ဇွန် ပကဖ အဖွဲ့ ဝင်များ ဖြစ်သော ရွှေဂျိုးဖြူပြောက်ကျားအဖွဲ့၊ 925 ပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့၊ ပြည်တော်ဝင် ပြောက် ကျားအဖွဲ့၊ လက်ရုံးပြောက်ကျား အဖွဲ့၊ ငန်းနက် ပြောက်ကျားအဖွဲ့၊ အားမာန် သစ်ပြောက်ကျားအဖွဲ့နှင့် ဖက်ဒရယ်ညီအကို ပြောက်ကျားအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ပခုက္ကူမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #925 #TGYRပြောက်ကျားအဖွဲ့ #ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့ #ပြည်တော်ဝင် ပြောက်ကျားအဖွဲ့ #ရွှေဂျိုးဖြူပြောက်ကျားအဖွဲ့ #လက်ရုံးပြောက်ကျားအဖွဲ့ #ငန်းနက်ပြောက်ကျားအဖွဲ့ #အားမာန် သစ်ပြောက်ကျားအဖွဲ့ #ဖက်ဒရယ်ညီအကိုပြောက်ကျားအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article