34 C
Yangon

စစ်ကောင်စီတပ်သားများ “မသေလိုလျှင် အလံဖြူထောင်ရန် ၊ ထွက်ပြေး လိုလျှင် လမ်းဖွင့်ပေးပါ ခွင့်တောင်းရန်” AA စစ်ဦးစီးချုပ် သတိပေး

Must read

ကတုပ် ကျင်းထဲမှ ခေါင်းပေါ် သေနတ်ပြောင်း တည့်ထားပြီး လမ်းဖွင့်ပေးရန် ခွင့်တောင်းလျှင် အရှင်ဖမ်းမိသည်ဟု သတ်မှတ်မည်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီ တပ်သား များအနေဖြင့် “မသေလိုလျှင် အလံဖြူထောင်ရန် ၊ ထွက်ပြေးလိုလျှင် လမ်းဖွင့်ပေးပါ ခွင့်တောင်းရန်” တွစ်တာ လူမှုကွန်ရက်မှတစ်ဆင့် ယနေ့ ထုတ် ဖော် ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်၀မြို့နယ်ကို အလုံးစုံသိမ်းပိုက်ပြီး ရခိုင် ပြည်နယ်အတွင်းရှိ စစ်တပ်စခန်းများကိုလည်း တိုက်ခိုက် ရယူပြီးနောက် ရက္ခိုင့် တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာ လူမှု ကွန်ရက်မှတစ်ဆင့် ရေးသား ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သားများအနေဖြင့် မသေလိုလျှင်၊ မနာလိုလျှင် စောစောစီးစီး အလံဖြူထောင်ရန်၊ ထွက်ပြေးလိုလျှင် လမ်းဖွင့်ပေးပါ ဟု ခွင့်တောင်းရန်၊ ထိုသို့မဟုတ်ဘဲ ကတုပ်ကျင်းထဲမှ ခေါင်းပေါ် သေနတ်ပြောင်းတည့်ထားပြီး လမ်းဖွင့်ပေးပါဟု ပြောဆိုလျှင် အရှင်ဖမ်းမိသည်ဟု သတ်မှတ်မည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

“မသေ၊မနာချင်ရင်စောစောစီးစီးအလံဖြူထောင်၊ထွက်ပြေးချင် တယ် လမ်းဖွင့်ပေးပါ ဘာညာခွင့်တောင်းပေါ့။ခြံစည်းရိုး၃ထပ်လုံးပေါက် ကတုပ် ကျင်းထဲမှာဂေါင်းပေါ်-ပြောင်းတည့်ထားပြီးမှလမ်းဖွင့်ပေးပါတော့မလုပ်နဲ့ အာ့ဒါကို အရှင်ဖမ်းမိတာလို့သတ်မှတ်တယ်” ဟု ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက်တွင်ရေးသားထားသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တွစ်တာ လူမှုကွန်ရက်တွင် “Run Forest Run ” ဆိုသော စာသားကို တင်ခဲ့ပြီး ယင်းစာသားသည် အမေရိကန်ရုပ်ရှင်ကားကို အမှီပြု၍ အနိုင်ကျင့်ခံရမည့် ဇတ်ကောင်ကို ပြေးနိုင်သမျှ အမြန်ပြေးခိုင်းခြင်းဖြစ်သည်။

Run Forest Run ဆိုသည့် အသုံးသည် ၁၉၉၄ ခုနှစ်က ရိုက်ကူးခဲ့သည့် အမေရိကန် ရုပ်ရှင်ဇာတ်ကား “Forest Gump” တွင် စတင်သုံးခဲ့ခြင်း ဖြစ် ကြောင်း၊ မင်းသား Tom Hanks သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ Robert Zemeckis ဖြစ်ကြောင်း၊ စာရေးဆရာ Winston Groom ၏ ဝတ္တုရှည်ကို အခြေခံပြီးရိုက်ထားခြင်းဖြစ်ပြီး ဉာဏ်ရည်နိမ့်ပါးတဲ့ (IQ level ၇၅ သာသာပဲရှိသည့်) လူတစ်ဦးအကြောင်းကို တင်ဆက်ထားခြင်းဖြစ်ကြောင်း၊ ရုပ်ရှင်ထဲတွင် အဓိက ဇာတ်ကောင် ဖြစ်သည့် Forest Gump ကို အနိုင်ကျင့် သူများလက်မှ လွတ်စေရန် သူငယ်ချင်း Jenny က “ပြေး Forest ပြေး” (Run Forest Run) ဆိုပြီး အော်ဟစ်အားပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် အဆိုပါ စကားသည် ကြောက်၍ ဖြစ်စေ၊ ဒေါသကြောင့်ဖြစ်စေ ခံစားချက် တစ်ခုခု ကြောင့် ထွက်ပြေးသည့်သူများကို သရော်သည့် အသုံးအနှုန်းဖြစ်လာကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #AAစစ်ဦးစီးချုပ် #ဗိုလ်ချုပ်ထွန်းမြတ်နိုင် #RunForestRun #ForestGump #TomHanks #RobertZemeckis #IQLevel75 #WinstonGroom #Jenny

- Advertisement -spot_img

More articles

1 COMMENT

  1. Tatmadaw Day this year is going to be a low profile compared to the past. Depend on next two months of face-saving (if any).
    Tatmadaw is going to implode itself. On top of the situation now, chaotic, turmoil and going to get ugly.
    Exit strategy is on the way for THEM. This is going to be interesting how THEY pursue their Exit Strategy. THEY need to take what they’ve and leave.
    Burma is going to be a basket case for a while, provided Unity among People will overcome.
    Hopefully, there will be strong Unity among People to overcome and also there will be less greedy people in power.

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article