ရန်ကုန်၊ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်း၊ကလေးမြို့မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား နှစ်ဦးကို ဇန်နဝါရီလ ၁၄ ရက် နေ့မှာ မြို့ပြပျောက်ကျား(UG Kalay)အဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
ရဲတပ်သားနှစ်ဦးဟာ ကလေးတက္ကသိုလ်ကနေ အရပ်ဝတ်နဲ့ အပြင် ထွက်လာချိန် UG Kalay အဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးဆီကသိရပါတယ်။
ဖမ်းဆီးရမိတဲ့ ရဲတပ်သားနှစ်ဦးကို သက်ဆိုင်ရာ စစ်ဒေသလက်အောက်ကို အပ်လိုက် ပြီဖြစ်တယ်လို့သိရပါတယ်။
ကလေးတက္ကသိုလ်ဟာ ကလေးမြို့အနောက်ဘက် ချင်းတောင်ခြေမှာ တည်ရှိပြီးစစ်အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ်ကစပြီး စစ်တပ် ဝင်ရောက်တပ်စွဲထားတာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်းထဲက စစ်ကောင်စီ တပ်ဟာ ချင်းတောင်ပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပျူစောထီးရွာက ပျူစောထီးတစ်ဦးဟာ ဇန်နဝါရီ ၁၂ ရက် နေ့က လက်နက်ခဲယမ်းနှင့်အတူ CDF KKG ထံ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။ လုံခြုံရေး အခြေ အနေအရ ပျူစောထီးကျေးရွာရဲ့ နာမည်ကို သိရှိရခြင်း မရှိပါဘူး။
အလင်းဝင်ရောက်လာတဲ့ ပျူစောထီးဟာ ကာဘိုင် သေနတ်တစ်လက်၊ ကျည် အတောင့် ၁၇၀ နှင့် အတူ CDF – KKG ထံ အလင်းဝင်ခဲ့တာဖြစ်ပါတယ်။
လက်နက်ခဲယမ်းနှင့် အလင်းဝင်ခဲ့တဲ့ ပျုစောထီးကို CDF KKG က ဆုကြေးငွေ ကျပ် သိန်း ၂၀ ချီးမြှင့် ခဲ့ပြီး လွတ် မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကလေးမြို့နယ်မှာ ပျုစောထီးကျေးရွာ ရှစ်ရွာလောက်ရှိတယ်လို့ ကလေးဒေသခံတွေဆီ ကသိရ ပါတယ်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #CDF #KKG #UGKalay #ကလေးမြို့ #စစ်ကောင်စီ #ပျူစောထီး