28 C
Yangon

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အထူးဒေသ ၁ တွင် စစ်ကောင်စီနှင့် လက် အောက် ခံ ကိုးကန့်အဖွဲ့ က ထုတ်ပြန်ထားသော အမိန့်၊ စစ်အုပ်ချုပ်ရေး များ အားလုံး ကို ဖျက်သိမ်းကြောင်း MNDAA က ကြေညာ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် အပါအဝင် ရှမ်းပြည်နယ် အထူးဒေသ ၁ တွင် စစ်ကောင်စီနှင့် လက်အောက်ခံ ကိုးကန့်အဖွဲ့ က ထုတ်ပြန်ထားသော အမိန့်၊ စစ်အုပ်ချုပ်ရေးများအားလုံးကို MNDAA က ဖျက်သိမ်းလိုက်ကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကြေညာလိုက်ကြောင်း သိရှိရသည်။

ယမန်နေ့မှစ၍ စစ်အာဏာသိမ်းအဖွဲ့ နှင့် ကိုးကန့် အုပ်ချုပ်ရေးအဖွဲ့တို့က အထူး ဒေသ ၁ အတွင်း ထုတ်ပြန်ထားသော နိုင်ငံရေးအမိန့်၊ အုပ်ချုပ် ရေး အမိန့် များ နှင့် စစ်အုပ်ချုပ်ရေး အားလုံးကို ဖျက်သိမ်းလိုက်ပြီး အထူးဒေသ ၁ ၏ မူလဥပဒေ နှင့် နည်းဥပဒေများကို အပြည့်အဝ ပြန်လည် ကျင့်သုံးလိုက် ကြောင်း၊ အကယ်၍ မရှင်းမလင်းသည်များ ရှိပါက ဒေသဆိုင်ရာ အစိုးရဌာန များတွင် စုံစမ်းမေးမြန်း နိုင်ကြောင်း MNDAA က ယမန်နေ့ တရားဝင် ထုတ်ပြန် ကြေညာသည်။

“ဒါကတော့ စစ်ကောင်စီ လက်ခံသည် ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ အသိ အမှတ်ပြုသည် ဖြစ်စေ ၊ မပြုသည်ဖြစ်စေ လွတ်လပ်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရ တစ်ရပ် ပေါ်ထွန်းလာတာပါပဲ။ သမိုင်းဝင် နေ့ရက် သမိုင်းဝင် အဖြစ် အပျက်ပါ” ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ကိုးကန့် MNDAA အနေဖြင့် ၎င်းတို့ သိမ်းပိုက်ရရှိထားသော နယ်မြေများကို မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အထူးဒေသ (၁) အဖြစ် အခြေခံဥပဒေဖြင့် ထူထောင် မည်ဟု MNDAA စစ်ဦးစီးချုပ်၊ မြန်မာနိုင်ငံရှမ်း ပြည်နယ် အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဖုန်တဲရင်က ဇန်နဝါရီလ ၂ ရက်နေ့တွင် တရား ဝင် ကြေညာခဲ့သည်။

“မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁)၏ အာဏာပြန်လည်ရရှိရေးသည် မိမိတို့အမျိုးသားရေးလုပ်ငန်းစဉ်၏ ပထမခြေလှမ်းမျှသာဖြစ်သည်။မိမိတို့ အနေဖြင့် အထူးဒေသ(၁)ကို ပြန်လည်ထူထောင်ရန်အတွက် ပါတီ ၊ အုပ်ချုပ် ရေး ကော်မတီ နှင့် တပ်မတော်တည်ဆောက်ရေးစနစ်၊ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ် နှင့် ကေဒါသင်တန်းများစသည်ဖြင့် ပြင်ဆင်မှုများ ပြုခဲ့ပြီးဖြစ်သော်လည်း စစ်ပွဲအပြီး ကိုးကန့်ဒေသပြန်လည် ကောင်းမွန်လာ စေရန် အတွက် ရဲဘော်တို့အနေ ဖြင့် ရှေးတော်လှန်ရေးသမား၊လူကြီးတို့၏ ချွေတာတတ်သော အစဉ် အလာ၊ လုပ်ပုံကိုင်ပုံ၊ အမွေများကိုဆက်ခံပြီး မိမိ‌ဒေသတည်ဆောက်ရေးအပေါ်ကို အစွန်းကုန် အပင်ပန်းခံကြိုးစားအား ထုတ် သောလုပ်ဟန်ဖြင့် “ အထူးဒေသ (၁) အခြေခံဥပဒေ ”ကို အခြေခံပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ပြည်သူ လူထုနှင့်တကွ ကြိုးပမ်းအားထုတ် ကြရ မည် ဖြစ်ပါသည်” ဟု MNDAA စစ်ဦးစီးချုပ်၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူး ဒေသ ၁ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဖုန်တဲရင်က ပြောဆိုခဲ့သည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MNDAA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article