28 C
Yangon

Breaking News- တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီ တပ် စခန်းကို ချင်း တော်လှန်ရေး တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ပေါင်းစုက ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက် ရရှိ ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုကြသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းမှစတင်ပြီး ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန် မြို့နယ်၊ ကလေး – ဖလမ်း – ဟားခါးလမ်းမဘေး၊ သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီတပ်စခစန်းကို ချင်းတော်လှန်ရေးတပ်များှင့် ဒေသကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လေကြောင်းမှ တစ် ဆင့် တိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများဖြင့် စခန်းမကျစေရေး ခုခံခဲ့ သော် လည်း ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သိုင်းငင်းစခန်းက ဒီလမ်းမဘေးမှာ သူက သွားလာရေးကို အဓိက ထိန်းချုပ် အနှောင့်အယှက်ပေးနေတာ။ တကယ်တိုက်တာက ၂၀၂၃ ခုနှစ် နိုဝင်ဘာက တည်းက တိုက်နေတာ။ တိုက်လိုက် နားလိုက်၊ နားလိုက် တိုက်လိုက်ပဲ။ ဒီဇန်နဝါရီ ထဲမှာတော့ ဇန်နဝါရီလ ၁၂ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြန်ဖြစ် တယ်။ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ ကလေးမြို့ကနေ လက်နက် ကြီးတွေ ပစ်တယ်။ အခုတော့ ရပါပြီ။ အပြီးသတ်သိမ်းပိုက်နိုင်ပြီ။ ကလေး-ဖလမ်း-ဟားခါးလမ်းကို အနှောင့်အယှက် ပေးနေတဲ့ စခန်းကြီး တစ်ခုကို ရှင်း လင်းနိုင်ပြီ” ဟု ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် သိုင်းငင်းကျေးရွာမှ ပြည်သူများအားလုံးမှာ ၂၀၂၃ ဒီဇင်ဘာလ ဆန်းကတည်းက ကျေးရွာကိုစွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင် နေရကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #တီးတိန်မြို့နယ် #စစ်ကောင်စီ #တော်လှန်ရေးတပ်ပေါင်းစု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article