28 C
Yangon

ကျိုက်မရောထောင်တွင် နိုင်ငံရေး အကျဉ်းသား အင်းစိန်မီးသတ် CDM ဝန် ထမ်း ကိုပြည့်ဖြိုးအောင် လေထိုးလေအောင့်စဉ် သွားဆရာဝန်က ဆေးထိုး ပြီး နောက် သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား အင်းစိန် မီးသတ် CDM ဝန်ထမ်းကိုပြည့်ဖြိုးအောင် သေဆုံးသွားကြောင်း မြန်မာ နိုင်ငံ လုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦး က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ကျိုက်မရောအကျဉ်းထောင်တွင် အကြမ်းဖက် တိုက် ဖျက် ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရသည့် အသက် ၃၁ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်သည် လေထိုး‌လေအောင့်သည့် ရောဂါ မသက်သာသည့်အတွက် ည ၁၀ နာရီခန့်အချိန် ထောင်ဆေးရုံတွင် ဆေး ကုသ မှုပေးရန် ထောင်ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး တာဝန်ကျ ဆရာဝန်က ဆေးတစ်လုံးထိုးပေးခဲ့ကြောင်း၊ ယင်းနောက် ဆေးထိုးပြီးနောက် တစ်နာရီ ခန့်အကြာတွင် ပါးစပ်မှ အမြုပ်များထွက်၍ မေ့လဲသွားကြောင်း၊ ထိုသို့ မေ့လဲသွားချိန်တွင် ထောင်ဆေးရုံအုပ် အရေးပေါ် လာ‌ရောက်ပြီး အသက်ကယ်ဆေး ၂ လုံး ထိုးပေးခဲ့ကြောင်း၊ ထို့နောက် အရေးပေါ်အောက်‌စီဂျင်ပေး၍ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁ နာရီခန့်တွင် ပြင်ပဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ပြင်ပဆေးရုံရောက်ရှိချိန် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော နိုင်ငံရေး အကျဉ်းသားသည် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ဇာတိဖြစ်ပြီး မီးသတ် CDM ဝန်ထမ်း ၁ ဦးဖြစ်ကြောင်း၊ ကိုပြည့်ဖြိုးအောင်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ဘားအံမြို့နယ် သံလွင်တံတားထိပ်၌ အကြမ်းဖက် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅၂ (က) ဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရကြောင်း၊ ဘားအံထောင် (တောင်ကလေးထောင်) တွင် ၂၀၂၂ ခုနှစ် မေလ အထိ နေထိုင် ခဲ့ကြောင်း၊ ထို့နောက် မွန်ပြည်နယ်၊ ကျိုက်မရောထောင်ကို ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ထောင်ပြောင်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်ကြောင်း သိရသည်။

“ဆေးကုသမှုကို ညပိုင်းဖြစ်တဲ့ အခါမှာ သူ့ကို ခေါ်ထုတ်သွားတယ်။ ခေါ်ထုတ် သွားတဲ့ အခါမှာ ဆေးရုံ အကျဉ်းထောင်မှာ တာဝန်ကျနေတဲ့ ဆရာဝန်က သွား ဆရာဝန်ဖြစ်နေတယ်ပေါ့။ အဲအခါမှာ သွား ဆရာဝန်က သူ့ရဲ့ ကျွမ်းကျင်ရာ မဟုတ်တဲ့ အခါမှာ ဘာဖြစ်တာလဲ မေးတဲ့ အခါမှာ ဗိုက်အောင့်တာလို့ ဖြေတယ်။ အဲလိုဖြေတဲ့ အပေါ်မှာ ဆေးတစ်လုံးထိုးပေးလိုက်တယ်။ ထိုးလိုက်တဲ့ ဆေးအမျိုးအစားကို ကျွန်တော်တို့ စုံစမ်းနေတုန်းဖြစ်တယ်။ အဲဆေးထိုးပြီးတဲ့ အချိန်မှာ ခဏတာ သက်သာတယ်လို့ ထင်ရပေမယ့် တစ်နာရီလောက် ကြာတဲ့ အခါမှာ သူ့ပါးစပ်ကနေ အမြုပ်တွေထွက်ပြီးတော့ သူလဲကျပြီးတော့ မေ့သွား တယ်။ အဲဒီအချိန်မှာမှ ထောင်ဆေးရုံအုပ်က ရောက်ရှိလာပြီး အသက် ကယ် ဆေး ၂ လုံး ထိုးပေးပြီး အောက်စီဂျင် ပေးပြီးတော့ ပြင်ပ ဆေးရုံကို ခေါ်ဆောင် သွားတယ်။ ပြင်ပဆေးရုံရောက်တော့ သိပ်မကြာခင်မှာပဲ သေဆုံးသွားတယ်လို့ သိရတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

အကျဉ်းထောင်များအတွင်း အကျဉ်းသားများကို လုံလောက်သော ဆေးဝါး စောင့်ရှောက် ကုသမှုပေးရန်၊ ထောင်ဝင်စာပါဆယ်တွင် နိုင်ငံခြားဆေးဝါးများ သွင်းခွင့်ပြုရန်၊ အရေးကြီးလူနာများကို အချိန်နှင့်တပြေးညီ ‌ပြင်ပဆေးရုံသို့ ပို့ဆောင်၍ ကုသပေးရန် စသည့် အချက်သုံးချက်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေ နီ ကော်မတီ(ICRC)အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ အစည်း များ ၊မြန်မာပြည်သူများ၊အရပ်ဖက်အဖွဲ့အစည်းများ၊‌တော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်သူ့အနုပညာရှင်များ၊ CDMerများအနေဖြင့်လည်း ဝိုင်းဝန်း တောင်းဆိုပေးကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများ ကွန်ရက် (PPNM) က မေတ္တာရပ်ခံထားသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PPNM #CDMer #ICRC #ကျိုက်မရောထောင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article