28 C
Yangon

ဆားလင်းကြီးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်နေပြီး ကျေးရွာ ၆ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်နေပြီး ကျေးရွာ ၆ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ယင်းမာပင် ခရိုင်တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မုံရွာဘက်မှ ဇာတ်မော်တော်ယဥ်ဖြင့် အနောက်ဘက်ကမ်းရှိ တရုတ်ဝမ်ပေါင် ကြေးနီ စီမံကိန်း ခြံဝင်းကို အင်အား ၇၀ ကျော်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၉ နာရီခန့်တွင် ဆည်းတည်းဇီးတောကျေးရွာရှိ ပြည်သူ့ပိုင် ပစ္စည်းများကို ခိုးယူက လက်ရှိချိန်တွင် မန်းကျည်းတန်းရွာ ဘုန်ကြီးကျောင်းအတွင်း ချက်ပြုတ် စားသောက်နေကြောင်း သိရသည်။

” ဆည်းတည်းဇီးတောရွာနဲ့ မန်းကျည်းတန်းရွာ အနီးအနားက ပြည်သူတွေ ဘေးလွတ်ရာ ရှောင်ပြေးနေရပါတယ်။ ဖောင်းကတာရွာ၊ ဆည်းတည်း၊ ဇီးတောရွာ၊ မန်းကျည်တန်းရွာ နဲ့ ရွာပေါင်း ၆ ရွာကျော်လောက် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်” ဟု ယင်းမာပင် ခရိုင်တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ပြောဆိုသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ဆားလင်းကြီးမြို့နယ် #စစ်တပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article