28 C
Yangon

ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့မှ ကြံ့ဖွတ်ပါတီရပ်/ကျေး ဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်တို့ ပစ်ခတ်ခံရပြီး သေဆုံး၊ ပျုစောထီး ၃ ဦးကို ဖမ်းဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့မှ ကြံ့ဖွတ်ပါတီရပ်/ကျေး ဥက္ကဋ္ဌ နှင့် မြို့နယ်ကော်မတီဝင်တို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကာ ပျူစောထီး ၃ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၉ နာရီအချိန် ဝေါမြို့နယ်၊ အုတ်ဖို ၃ ကျေးရွာ ချောင်းဘေးရှိ ကျေးရွာ ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်စိုး၏ နေအိမ်သို့ စက်လှေဖြင့် သေနတ် သမားတချို့က လာရောက်ပြီး ပစ်ခတ်ရာမှ ကျေးရွာ ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်စိုး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကြံ့ဖွတ်ခင်စိုးကတော့ ပွဲချင်းပြီး သေတယ်။သူက ပျူစောထီးခေါင်းဆောင် လုပ်နေတာ။ သူ့တပည့် ပျူစောထီးတွေဖြစ်တဲ့ မြင့်ဝင်း(ခ)ငပွေးနှင့် ကျော် မင်းနဲ့ ဇော်လတ်တို့ကို လက်နက်တွေနဲ့ အတူ ဖမ်းခေါ်သွားတယ်” ဟု ရန်ကုန် ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

အလားတူ ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကြံ့ဖွတ်ပါတီ၏ မြို့ကော်မတီဝင် အောင်ကျော်ဆန်းသည် သမီးဖြစ်သူနှင့် အတူ လယ်ထဲသွားစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ သမီးဖြစ်သူမှာလည်း သေနတ် ၃ ချက် ထိမှန်ပြီး ဒဏ်ရာရရှိကာ သေဆုံး ဖွယ်ရှိကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ပဲခူးတိုင်း #ပျုစောထီး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article