30 C
Yangon

မန္တလေး၊ အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား ရဲဘော် ခိုင်မင်းသူ မတရားရိုက်နှက် ခံရမှုကြောင့် ထောင်ဆေးရုံတွင် အရေးပေါ် လူနာဖြစ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

မန္တလေး အိုးဘိုထောင်အတွင်း အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား များကို လူမဆန်စွာ ဖိနှိပ်‌ ရိုက်နှက်မှုများ လုပ်ဆောင်နေပြီး နိုင်ငံရေး အကျဉ်း သား ရဲဘော် ခိုင်မင်းသူသည် မတရားရိုက်နှက် ခံရမှုကြောင့် ထောင်ဆေးရုံတွင် အရေးပေါ် လူနာဖြစ်နေကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၈ ရက်နေ့ အိုးဘိုအကျဉ်းထောင် အိပ်ဆောင် ၁ အခန်း ၆ တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား KIA ရဲဘော်ခိုင်မင်းသူ နှင့် အခြား အကျဉ်းသားတစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် အကျဉ်းဦးစီးဌာန က ရဲဘော် ခိုင်မင်းသူကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကာ မိန်းဂျေးသို့ ခေါ်ဆောင်သွား ခဲ့ပြီး မိန်းဂျေးတွင်လည်း ထပ်မံ၍ ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ရိုက်နှက်ခြင်းကြောင့် ရဲ‎ဘော် ခိုင်မင်းသူသည် ဦးခေါင်း ကွဲကာ လက်များ ကျိုးပဲ့ခြင်း၊ နံရိုးများ ကျိုးခြင်းများ မချိမဆန့်ခံစားရကြောင်း၊ ထို့နောက် သံခြေ ကျင်း ခတ်၍ တိုက် ၁ သို့ ပို့ဆောင်ခံခဲ့ရပြီး တိုက်ဝင်း ၁ တွင်လည်း ရာဇဝတ် သား ပြစ်ဒဏ်ကျ လူမိုက် ၊ သေဒဏ်ကျ အကျဉ်းသားများနှင့် အကျဉ်းထောင် ဝန်ထမ်း အောင်မင်းထွဋ်တို့က ထပ်မံရိုက်နှက်ခဲ့ကြောင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် ရဲဘော် ခိုင်မင်းသူကို ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းတွင် အကျဉ်းထောင်ဆေးရုံသို့ အရေးပေါ်လူနာအဖြစ်ပို့ဆောင်ခဲ့ရပြီး သတိမေ့မြော နေခဲ့ကြောင်း သိရှိရသည်။

ရဲဘော်ခိုင်မင်းသူကို အိပ်ဆောင် ၁ အခန်း ၆ မှ အခန်းလူကြီး ၊ အခန်း ၄ မှ အခန်းလူကြီး လက်မရွံ့ သောင်းရွှေ၊ မိန်းဂျေးမှ အကျဉ်းထောင်ဝန်ထမ်း ဥက္ ကာကျော်၊ အောင်မင်းထွဋ် ၊ လက်မရွံ့ မြွေပွေးနှင့် လက်ညှိုးတို့က ရိုက်နှက်ခဲ့ ကြကြောင်း‌ သိရှိရသည်။

ထို့ပြင် အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် အောင် မြင်ဝေ၊ မျိုးမြန်မာ၊ သူရ၊ မျိုးဇာခြည်၊ မျိုးမြတ်ထိုက်၊ ကျော်ရဲအောင်၊ မီလီတို့ ကိုလည်း ဆေးရုံတိုက်ခန်းများတွင် သံခြေကျင်း၊ ဒေါက်ခတ်၍ ညှဉ်းပန်းနှိပ်စက် ထားသည်မှာ ၂ နှစ်နီးပါး ကြာမြင့်ပြီဖြစ်ပြီး လက်ရှိအချိန်အထိ သံခြေကျင်းများ မဖြုတ်ပေးသေးကြောင်း သိရှိရသည်။

ထို့ပြင် အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက် ဖိနှိပ်ညှဉ်းပန်းခြင်းများအပြင် ချိုးရေလုံလောက်စွာမပေးခြင်း၊ ထမင်းသိုး များကျွေးခြင်း၊ သွေးများနှင့်မကျက်တကျက်သားငါးများ ကျွေးခြင်း၊ အသီးပုတ် ပြုတ်ရည်များကျွေးခြင်း၊ ခြေကျင်းများ ကာလ အကန့်အသတ်မဲ့ခတ်ခြင်း၊ ဆေး ကုသမှု အပြည့်အဝမပေးခြင်း၊ ထောင်တွင်းမှ တရားဝင်ပို့စာများ ၃ လမှ ၆ လနီး ပါးကြာမြင့်ခြင်း၊ အကြောင်းအရာတစ်ခုကို လွတ်လပ်စွာတင်ပြခွင့်မရခြင်း၊ ဘာသာရေးခွဲခြားဖိနှိပ်ခြင်းများ လုပ်ဆောင်နေကြောင်း နိုင်ငံရေးအကျဉ်း သားများက ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများကိုရိုက်နှက်ဖိနှိပ်ချိန်တွင်လည်း အော်သံများ ဖုံးကွယ် စေရန်အသံချဲ့စက်နှင့် တရားခွေများ ကျယ်လောင်စွာဖွင့်ပေးထားခြင်း၊ ထောင် ပြောင်းအကျဉ်းသားများကို ဦးချိုးသည်ဟုဆိုကာ ခန္ဓာကိုယ်အစိတ်အပိုင်းများ ချို့ယွင်းသည်အထိ ဝိုင်းရိုက်ခြင်း၊ ကျောချစရာနှင့် ခြေကျင်းဒေါက်များအတွက် ပိုက်ဆံမတန်တဆပေးမှသာ အနည်းငယ်အဆင်ပြေခြင်း စသည့်လူ့ အခွင့် အရေး ချိုးဖောက်မှုများ ဖြ်ပေါ်နေကြောင်း နိုင်ငံရေးအကျဉ်းသားများထံမှ သိရှိရသည်။

အိုးဘိုအကျဉ်းထောင်၏ ထောင်ပိုင်ကြီး အောင်မျိုးချွန်နှင့် ထောင်ပိုင်လေး သိန်းလွင်တို့ကလည်း အကျဉ်းသားများသေလျှင် မည်သည့် ပြဿနာမှ မရှိဘဲ A4 တစ်ရွက်သာ ကုန်သည်ဟူ၍ ခြိမ်းခြောက် ပြောဆိုကာ သက်ဆိုင်ရာသို့ တိုင်ကြားလျှင်လည် ထောက်ပိုင်၏ လူယုံများနှင်သာ တွေ့ဆုံ စစ်ဆေး ဖြေကြားခွင့်ပေးကြောင်း အိုးဘိုအကျဉ်းထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက် ခံရမှု အမျိုးမျိုးကို နိုင်ငံရေးအကျဉ်းသားများက ပြောကြားသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article