30 C
Yangon

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ ခမရ ၅၆၁ တပ်နှင့် တံတားစစ်ဆေးရေး ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် ခမရ ၅၆၁ တပ်နှင့် ညောင် ပင်ကွင်းရွာတံတားစစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက် ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး ခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ ထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၅ ရက် နံနက် ၆ နာရီခန့်က တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ ၅၆၁ တပ်နှင့် ညောင်ပင်ကွင်းရွာ တံတားစစ်ဆေးရေးဂိတ်ကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းစစ်ကြောင်း ၁ က ဝင်ရောက်တိုက် ခိုက် ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၃ နာရီနီးပါး ကြာမြင့် ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ပြည် သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း၊ ထို့အပြင် မြိတ် ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ် ကြောင်းမှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထပ်မံထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ထိခိုက် သေဆုံးမှု မရှိကြောင်း၊ တိုက်ပွဲပြီးဆုံးချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ အဖွဲ့ဝင်များဖြစ် သည့် မြိတ်ခရိုင်တပ်ရင်း၂ ၊ တပ်ခွဲ ၁၊ တနင်္သာရီမြို့နယ် ပကဖ နှင့်မြိတ်မြို့နယ်ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသ ပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိပေးကြရန် မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်းက မေတ္တာရပ်ခံ ထားသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #တနင်္သာရီမြို့နယ် #စစ်ကောင်စီတပ်သား #ပြည်သူ #မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article